နောက်နှစ်လောက်ကစပြီး ကိုယ်ပိုင် 5G Modem သုံး iPhone တွေ မြင်ရဖို့ရှိပါတယ်

လာမယ့်နှစ်ကစပြီး Apple ဟာ Qualcomm အစား ကိုယ်ပိုင် 5G Modem တွေ သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။

ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်မှာ Qualcomm ထုတ် Cellular Modem အစား ကိုယ်ပိုင် 5G Modem ထုတ်ဖို့ စီစဉ်နေတယ်ဆိုပြီး Gizmochina သတင်းက ဖော်ပြပါတယ်။ Apple ကုမ္ပဏီအနေနဲ့ ကိုယ်ပိုင် Modem ထုတ်တယ်ဆိုတာ သိပ်အံ့ဩစရာတော့ မရှိပါဘူး။ 





၂၀၁၉ ခုနှစ်မှာ ဝန်ထမ်းပေါင်း ၂၂၀၀ အပါအဝင် Intel ရဲ့ Modem စီးပွားရေးကို ဒေါ်လာ ၁ ဘီလျံပေးပြီး Apple ကုမ္ပဏီ ဝယ်ကတည်းက ကုမ္ပဏီဟာ ကိုယ်ပိုင် Modem ထုတ်ကုန်တွေ ထုတ်ဖို့ ခြေလှမ်းပြင်နေခဲ့တာပါ။ Qualcomm ရုံးချုပ်တည်ရှိရာ ဆန်တီယာဂိုမြို့မှာပဲ Cellular Modem Chips ထုတ်လုပ်ရေးပိုင်းအတွက် အလုပ်အကိုင်ပေါင်း ၁၄၀ ဝန်းကျင်ကို Apple ကုမ္ပဏီက အလုပ်ခေါ်နေပါတယ်။ 

လောလောဆယ် iPhone တွေမှာ သုံးနေတဲ့ Cellular Modems တွေရဲ့ ၁၀၀% ကို Qualcomm ကပဲ ထောက်ပံ့နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ရဲ့ ပြီးခဲ့တဲ့နှစ်က ပြောဆိုချက်အရဆို Qualcomm ဟာ ၂၀၂၃ ခုနှစ်ထွက် iPhone တွေအတွက် 5G Modem ၂၀% ထောက်ပံ့ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ လောလောဆယ် Modem အတွက် ပြင်ပ Third-Party Vendor ပေါ် အားကိုးနေရတဲ့ Apple ဟာ ကိုယ်ပိုင် Modem ထုတ်ပြီး ပစ္စည်းအစိတ်အပိုင်းအပေါ် ကုန်ကျစရိတ်ကို လျှော့ချတော့မှာပါ။ 



Apple ဟာ iPhone အတွက် ကိုယ်ပိုင် A-Series Chipset တွေ ထုတ်လုပ်နေတာ ဖြစ်လို့ 5G Modem သာ ကိုယ့်ဘာသာ ထုတ်လုပ်မယ်ဆိုရင် A-Series Chipset ထဲမှာ Modem ကို ပိုထိထိရောက်ရောက် ပေါင်းစည်းနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ် Apple ဟာ Mac ထုတ်ကုန်တွေအတွက် M Series ချပ်စ်တွေ ထုတ်လုပ်ပြီး ဈေးကွက်အတွင်းမှာ အောင်မြင်မှု ရနေပါတယ်။ 

တစ်ခုရှိတာက Cellular Modem ဒီဇိုင်းဆွဲတာ ၊ ထုတ်လုပ်တာ နဲ့ စမ်းသပ်တာတွေဟာ အချိန်အလွန်ပေးရတဲ့ ကိစ္စဖြစ်လို့ Apple အတွက် Modem ထုတ်မယ့်အရေးဟာ အခက်အခဲ ရှိနိုင်ပါတယ်။ 

Share

Loading Next Article...
က္က