စာရင်းနှစ်မျိုးနဲ့ ဖြန့်ချိခဲ့တာပါ

Xiaomi ဖုန်း သုံးသူတွေအတွက် Support မပေးတော့တဲ့ Dead Devices တွေအကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ 

Xiaomi ဟာ ဆက်ပြီး အထောက်အပံ့ပေးတော့မှာ မဟုတ်တဲ့ ထုတ်ကုန်တွေကို စာရင်းနှစ်မျိုးနဲ့ ဖြန့်ချိခဲ့တာပါ။ တစ်ခုက Xiaomi End Of Life လို့ ခေါ်ပြီး ဒီစာရင်းမှာတော့ ဖုန်းတစ်လုံးအတွက် အရေးကြီးဆုံး Support ဖြစ်တဲ့ Security Patches ၊ MIUI ဗားရှင်းသစ် ၊ AndroidOS Update တို့ အပါအဝင် Software Updates မပေးတော့မယ့် စမတ်ဖုန်းတေွရဲ့ နာမည်ကို ဖော်ပြထားပါတယ်။ 




Xiaomi End Of Life စာရင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ကမှ ထွက်ထားတဲ့ Mi 9 ၊ Mi 9 SE ၊ Redmi Go ၊ Redmi Note 7 နဲ့ Redmi Note 7 Pro တို့လို ဖုန်းတွေ အပါအဝင် စုစုပေါင်း ထုတ်ကုန် ၇၀ အထိ ပါဝင်မှာပါ။ ဖုန်းမော်ဒယ်ဟောင်းစာရင်း ဝင်သွားပြီ ဖြစ်တဲ့ Xiaomi Mi 5 ၊ Mi Note 2 ၊ Mi Mix Series ဖုန်းတွေ နဲ့ Mi Pad ၊ Mi Pad 2 ၊ Mi Pad 3 စတဲ့ တက်ဘလက်တွေ သုံးနေသူတွေအတွက် Software နဲ့ Security Update တွေ Support ရတော့မှာ မဟုတ်ပါဘူး။ 


Xiaomi ရဲ့ ဒုတိယမြောက် List ထဲမှာ After-Sale Service မရတော့တဲ့ ထုတ်ကုန်တွေ ပါဝင်နေပါတယ်။ After-Sale Services မရတော့တာ ဖြစ်လို့ ဖုန်းပြင်တာ ၊ ပစ္စည်းအစိတ်အပိုင်း လဲတာမျိုး မရတော့ဘဲ ဖုန်းစစ်ဆေးတာ ၊ သန့်ရှင်းရေးဝင်ပြီး ပြစ်ချက်ရှာတာမျိုးပဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။ After-Sale Service မရတဲ့ စာရင်းမှာ ပါတဲ့ ထုတ်ကုန်တွေဟာ တရုတ်ဈေးကွက်ပေါ်မှာပဲ သက်ရောက်မှုရှိမှာ ဖြစ်ပြီး Global အတွက်တော့ များများစားစား ပြောင်းလဲစရာ မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က