ဒီတစ်ပတ်အတွင်းမှာ ရှယ်ယာဈေး ထိုးကျရာကနေ ကုမ္ပဏီတန်ဖိုး ဒေါ်လာဘီလျံ ၂၀၀ အထိ ကျဆင်းသွားခဲ့တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။

ရေနံဈေးထိုးတက်တာကြောင့် ဆော်ဒီအာရေဗျရေနံကုမ္ပဏီတစ်ခုဟာ Apple ကို ကျော်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ 



Bloomberg သတင်းအရ လက်ရှိငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းကြောင့် ရေနံနဲ့ လောင်စာဈေး တက်လာခဲ့ရာကနေ ဆော်ဒီအာရေဗျ ရေနံကုမ္ပဏီ Saudi Aramco ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီအဖြစ်ကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် ကာလရှည် ရပ်တည်ခဲ့တဲ့ Apple ကုမ္ပဏီဟာ မေလ ၁၁ ရက်နေ့မှာ နယူးယော့ခ်စတော့အိတ်ချိန် NYSE မှာ ရှယ်ယာဈေး ၃.၉% ထိုးကျသွားခဲ့ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီဂုဏ်ထူးကနေ လျှောကျသွားခဲ့တာလည်း ဖြစ်ပါတယ်။ 



ဆော်ဒီရေနံကုမ္ပဏီ Saudi Aramco ရဲ့ ရှယ်ယာဈေး ၂၇% ထိုးတက်လာချိန်မှာ Apple ကုမ္ပဏီဟာ နှစ်စကနေ ဆို ရှယ်ယာဈေး ၁၆% အထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ နှစ်ဆန်းပိုင်းက ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံ ရှိပြီ ဖြစ်ကြောင်း ကြေညာခဲ့တဲ့ Apple ဟာ Supply Chain စိန်ခေါ်မှု ၊ ငွေကြေးဖောင်းပွမှုနဲ့ စားသုံးသူ ယုံကြည်မှု ကျဆင်းလာခြင်းတွေကြောင့် ဒီတစ်ပတ်အတွင်းမှာ ရှယ်ယာဈေး ထိုးကျရာကနေ ကုမ္ပဏီတန်ဖိုး ဒေါ်လာဘီလျံ ၂၀၀ အထိ ကျဆင်းသွားခဲ့တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။ 

လက်ရှိ Apple ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၂.၃၇ ထရီလီယံပဲ ရှိနေပြီး Saudi Aramco ကုမ္ပဏီကတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂.၄၃ ထရီလီယံကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ Aramco အနေနဲ့ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Apple ကို ကျော်တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Apple ဟာ ၂၀၂၀ ခုနှစ်မှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၈၄ ထရီလျံ ရောက်ရှိခဲ့ပြီးနောက် ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီအဖြစ် Saudi Aramco ကို ကျော်တက်ခဲ့တာပါ။ 


Share

Loading Next Article...
က္က