ဂျွန်နီဒပ်နဲ့ အိမ်ထောင်သည်ဘဝကတည်းက မတ်စ်နဲ့ တွဲခဲ့တာလို့ ဆိုပါတယ်

မင်းသားဂျွန်နီဒက်ပ်နဲ့ အမ်ဘာဟက်ဒ်တို့ရဲ့ တရားစွဲဆိုကြားနာမှုထဲမှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်ရဲ့ နာမည်လည်း ပါဝင်နေပါတယ်။ 

ဖဲလ်ဖတ်ချ်ခရိုင် ဗာဂျီးနီးယားတရားရုံးမှာ "ဂျွန်နီဒက်ပ်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရကြောင်း" ဇနီးဟောင်း အမ်ဘာဟက်ဒ် ရေးခဲ့တဲ့ ၂၀၁၈ ခုနှစ်က The Washington Post သတင်းစာပါ ဆောင်းပါးကို Fantastic Beasts မင်းသားကြီး ဂျွန်နီဒက်ပ်က အသရေဖျက်မှုနဲ့ ဒေါ်လာသန်း ၅၀ လျော်ကြေးရလိုကြောင်း တရားစွဲခဲ့တာပါ။ ဒီအမှုဟာ ကမ္ဘာက စိတ်ဝင်စားရတဲ့ အမှုအခင်းတစ်ခုဖြစ်လာပြီး အမှုကြားနာချိန်မှာ Aquaman မင်းသမီး အမ်ဘာဟက်ဒ်ဟာ သူ့ရဲ့ ရည်းစားဟောင်း အီလွန်မတ်စ်နာမည်ကို မကြာမကြာ ထုတ်ပြောလာတာလည်း တွေ့ပါတယ်။ 



:

မေလ ၁၆ ရက် တရားခွင်ကြားနာမှုမှာလည်း အမ်ဘာဟက်ဒ်ဟာ Tesla သူဌေး အီလွန်မတ်စ်နဲ့ ပတ်သက်မှုကို ထုတ်ပြောခဲ့ပါတယ်။ ကြားနာမှုမှာ အမ်ဘာဟက်ဒ်က ခင်ပွန်းဟောင်း ဂျွန်နီဒက်ပ်ဟာ 2016 Met Gala ပွဲမှာ သူမနဲ့ ပွဲတက်ဖို့ ပျက်ကွက်ခဲ့ကြောင်း ပြောခဲ့ပြီး အဲ့ဒီညမှာပဲ အီလွန်မတ်စ်နဲ့ သိကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ဧပြီလ သူမရဲ့ မွေးနေ့ပါတီမှာ ဂျွန်နီဒက်ပ်နဲ့ သူမတို့ ရန်ဖြစ်ပြီးနောက် မေလထဲမှာ ကျင်းပတဲ့ Met Gala ပွဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဂျွန်နီဒက်ပ်ဟာ သူမနဲ့ ပွဲမတက်ဘဲ ရှောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ 

"ကိုယ့်ဘာသာပဲ သွားလိုက်ရတယ်။ ဂျွန်နီအတွက် သတ်မှတ်ထားတဲ့ နေရာလွတ်ဘေးမှာ ကျွန်မထိုင်နေခဲ့ရတယ်။ ကော်ဇော်နီပွဲတက်မှုမှာ ကျွန်မနဲ့ တမင် ပွဲမတက်ဘဲရှောင်ခဲ့တယ်။ ကျွန်မအီလွန်ကို မမှတ်မိခဲ့ဘူး။ သူက ကျွန်မတို့ အရင်တစ်ခေါက် ဆုံဖူးတယ်လို့ လာပြောမှပဲ သိတာ။ အဲ့ဒီပွဲမှာ သူ့အမေ မေယီမတ်စ်နဲ့ အတူလာတာလေ။ ကြည့်ရတာ တကယ့် လူကြီးလူကောင်းတစ်ယောက်လိုပါပဲ ရှင်။ တကယ်လည်း ကောင်းပါတယ်။ ကျွန်မအနီးက စားပွဲမှာ သူက ထိုင်တာ ။ အဲ့ဒီညက စကားတွေ ပြောဖြစ်ကြပြီး သူငယ်ချင်းတွေ ဖြစ်သွားကြတာ" လို့ သူမက တရားရုံးမှာ ပြောသွားပါတယ်။ 



ဂျွန်နီဒက်ပ်နဲ့ ပြတ်သွားပြီးနောက် တစ်နှစ်ကျော် အကြာ ၂၀၁၈ ဒီဇင်ဘာလထဲမှာ "အီလွန်နဲ့သူမဟာ လှပတဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့ကြပြီး အခုတော့ လှပတဲ့ သူငယ်ချင်းဆက်ဆံရေးနဲ့ နေနေကြတယ်လို့" အမ်ဘာဟက်ဒ်က Hollywood Reporter သတင်းကို ပြောခဲ့ပါတယ်။ မတ်စ်နဲ့ အမ်ဘာဟက်တို့ဟာ တစ်နှစ်ကြာ တွဲခဲ့ပြီး ၂၀၁၇ မှာ ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာ သူတို့နှစ်ဦး လအနည်းငယ်ကြာအောင် ပြန်တွဲခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ 

Pirates Of The Caribbean မင်းသား ဂျွန်နီဒပ်ကတော့ မတ်စ်နဲ့ အမ်ဘာဟက်ဒ်တို့ဟာ သူတို့နှစ်ဦး လက်ထပ်ပြီး တစ်လတောင် မကြာခင်မှာ စုံတွဲခုတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဂျွန်နီဒက်ပ်နဲ့ အမ်ဘာဟက်ဒ်တို့ဟာ ၂၀၁၅ ဖေဖော်ဝါရီမှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးထွက်ဆိုချက် အထောက်အထားတွေအရဆို မတ်စ်ဟာ ၂၀၁၆ ခုနှစ်က လော့စ်အိန်ဂျလိစ်က ဂျွန်နီဒက်ပ်ရဲ့ တိုက်ခန်းမှာ အမ်ဘာဟက်ဒ်အပြင် အင်္ဂလန်မော်ဒယ်နဲ့ ရုပ်ရှင်မင်းသမီး Cara Delevingne နဲ့ပါ သုံးဦးသား ချစ်ခန်းဖွင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီအချိန်က ဂျွန်နီဒပ်ဟာ ရိုက်ကူးရေးကိစ္စနဲ့ ဩစတြေးလျကို ရောက်နေခဲ့တာလည်း ဖြစ်ပါတယ်။ အမ်ဘာဟက်ဒ်နဲ့ SpaceX သူဌေး အီလွန်မတ်စ်တို့ဟာ ဂျွန်နီဒပ်နဲ့ ကွာရှင်းပြတ်စဲမှု မလုပ်ရသေးခင် ၂၀၁၆ မေလ မှာကတည်းက တွဲနေခဲ့တယ်လို့လည်း ဂျွန်နီဒက်ပ်က စွပ်စွဲထားပါတယ်။ နည်းပညာဘီလျံနာကြီး ဖြစ်တဲ့ အီလွန်မတ်စ်ကတော့ သူနဲ့ Cara တို့ဟာ သူငယ်ချင်းတွေပဲ ဖြစ်ကြပြီး သူတို့နှစ်ဦးအကြား ဘာလိင်ကိစ္စမှ မရှိခဲ့ဖူးဘူးလို့ ငြင်းထားပါတယ်။ 

:

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မတ်စ်ဟာ SpaceX ပိုင် လေယာဉ်နဲ့ ၂၀၁၆ ခုနှစ်က လန်ဒန်ခရီးစဉ်တစ်ခုအတွင်းမှာ လေယာဉ်မယ်တစ်ဦးကို သူ့ကျားအင်္ဂါထုတ်ပြခဲ့ပြီး မဖွယ်မရာ ပွတ်သပ်ကိုင်တွယ်တာ ၊ သူ့အလို လိုက်လျောမယ်ဆိုရင် မြင်းတစ်ကောင်ပေးမယ်လို့ ပြောတာတွေ လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ SpaceX အနေနဲ့ အမှုမဖြစ်အောင် လေယာဉ်မယ် အမျိုးသမီးကို ဒေါ်လာ ၂ သိန်းခွဲပေးခဲ့တယ်လို့ပါ Insider သတင်းက ဖော်ပြခဲ့ပြီး မတ်စ်ကတော့ ဒါကို နိုင်ငံရေးအရ လုပ်ကြံထိုးနှက်တဲ့ သတင်းအဖြစ် တုံ့ပြန်ခဲ့ပါတယ်။ 

SpaceX လေယာဉ်မယ်ကို လိင်ပိုင်းစော်ကားမှု လုပ်ခဲ့တယ်ဆိုတဲ့ ၂၀၁၆ ခုနှစ်ထဲမှာပဲ မတ်စ်ဟာ မကြာခဏ် ပြတ်လိုက် ပေါင်းလိုက်ဖြစ်နေတဲ့ သရုပ်ဆောင် တယ်လူလာ ရယ်လီနဲ့ အပြီးတိုင် ကွာရှင်းပြတ်စဲဖို့ လုပ်နေတာ ဖြစ်ပါတယ်။ မတ်စ်နဲ့ ရယ်လီတို့ဟာ ၂၀၁၂ ခုနှစ်မှာ ကွဲပြီး ၂၀၁၃ မှာ ပြန်လပ်ထပ်ခဲ့ပါတယ်။ ၂၀၁၄ ဒီဇင်ဘာမှာ ရယ်လီနဲ့ ကွာရှင်းဖို့ လုပ်ခဲ့ပြီး ၂၀၁၆ မှာ ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်ပါတယ်။ ဇနီးဟောင်းနဲ့ ကွာရှင်းပြတ်စဲဖို့ လုပ်ချိန်မှာ မတ်စ်ဟာ အမ်ဘာဟက်ဒ်နဲ့ Date ခဲ့တယ်လို့ စွပ်စွဲခံထားရတာလည်း ဖြစ်ပါတယ်။ 


လေယာဉ်မယ်နဲ့ အမှုဟောင်းကြောင့် ခေါင်းကိုက်နေရတဲ့ အီလွန်မတ်စ်အဖို့ ကမ္ဘာက စိတ်ဝင်စားရတဲ့ အမှုကြီးမှာ ဇာတ်ကောင်အဖြစ် ဖော်ပြခံရတာဟာ တစ်ပူပေါ် နှစ်ပူဆင့်ရတဲ့ အဖြစ်လို့ပဲ ဆိုရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က