SpaceX လေယာဉ်မယ်နဲ့အမှု ဂယက်တွေပါ

SpaceX လေယာဉ်မယ်ကို မဖွယ်မရာလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက် သူဌေးကြီး အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှုထဲက တစ်ရက်အတွင်း ဒေါ်လာ ၁၀ ဘီလျံ လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ကြာသာပတေးနေ့ကအထိ Bloomberg Billionaires Index မှာ Tesla သူဌေးကြီး အီလွန်မတ်စ်ဟာ ဒေါ်လာ ၂၁၂ ဘီလျံခန့် ချမ်းသာတယ်လို့ ဖော်ပြထားရာကနေ လိင်စော်ကားမှုတွေ လုပ်ခဲ့တဲ့ နောက်ကြောင်းကို Insider က ဖော်ပြခဲ့ပြီးနောက် သောကြာနေ့မှာ ဒေါ်လာ ၂၀၁ ဘီလျံခန့်ကို ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ Insider ရဲ့ အစီရင်ခံစာအရ SpaceX အာကာသယာဉ်ကုမ္ပဏီကို တည်ထောင်ထားတဲ့ အီလွန်မတ်စ်ဟာ SpaceX ပိုင် ယာဉ်နဲ့ လန်ဒန်သွားခရီးစဉ်တစ်ခုမှာ လေယာဉ်မယ်တစ်ဦးကို ပျော်ပါးဖို့ ရည်ရွယ်ချက်နဲ့ လိင်ပိုင်းမဖွယ်မရာ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 





ကာယကံရှင်ဘက်က တရားမစွဲနိုင်အောင် ၂၀၁၈ ခုနှစ်ထဲမှာ ကုမ္ပဏီဟာ နစ်နာသူကို ဒေါ်လာ ၂ သိန်းခွဲပေးပြီး နှုတ်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။ အီလွန်မတ်စ်ကတော့ လိင်စော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။ မတ်စ်ဟာ ပုဂ္ဂလိကပိုင် SpaceX ရဲ့ အစုရှယ်ယာ ၄၇% ဝန်းကျင်ကို ပိုင်ဆိုင်ထားတာပါ။ ပြီးခဲ့တဲ့အပတ်အထိ ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၂၅ ဘီလျံခန့် ရှိတယ်လို့ ဆိုပါတယ်။ 

အများပိုင်ကုမ္ပဏီအဖြစ် တည်ထောင်ထားတဲ့ Tesla ကားကုမ္ပဏီရဲ့ ရှယ်ယာအတက်အကျဟာ အီလွန်မတ်စ်ရဲ့ ကြွယ်ဝချမ်းသာမှုပေါ် အများဆုံးသက်ရောက်မှု ရှိနေပြီး မတ်စ်ဟာ Tesla ကားကုမ္ပဏီမှာ ရှယ်ယာ ၁၅% ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ SpaceX လေယာဉ်မယ်ကို ဗလက္ကာရလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် Tesla ရှယ်ယာဟာ ၆.၄% အထိ ကျဆင်းသွားခဲ့ပါတယ်။ 



မတ်စ်ရဲ့ချမ်းသာကြွယ်ဝမှုတွေ ထိုးကျလာတာဟာ လိင်ကိစ္စစွပ်စွဲခံရမှုတွေကြောင့် သက်သက်တော့ မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ် နှစ်စပိုင်းကနေ အခုထိ အီလွန်မတ်စ်ဟာ ဒေါ်လာ ၆၉ ဘီလျံကျော် ဆုံးရှုံးခဲ့ရတယ်လို့ Bloomberg က ခန့်မှန်းပါတယ်။ ဒီလို ဖြစ်ရတာဟာ ကမ္ဘာ့စီးပွားရေးအခြေအနေပေါ် ရင်းနှီးမြှပ်နှံသူတွေ စိုးရိမ်မှု ၊ Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ဖို့ Tesla ရှယ်ယာတွေ ထုတ်ရောင်းတဲ့အပေါ် ရှယ်ယာရှင်တွေ ထိတ်လန့်လာခြင်းနဲ့အတူ ကိုယ်ရေးကိုယ်တာပြဿနာတွေရဲ့ ဂယက်တွေကြောင့်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က