ဆိုရှယ်မီဒီယာသုံးတာကို တစ်ပတ်လောက်နားလိုက်မယ်ဆိုရင် ကိုယ်ဝါသနာပါတာတွေကိုလုပ်နိုင်ဖို့ အချိန်(၉)နာရီလောက်ပိုထွက်လာပါတယ်။

ဆိုရှယ်မီဒီယာကိုသုံးတဲ့အခါမှာ စိတ်ပူပန်မှု(သို့) စိတ်ဓာတ်ကျဆင်းစေတယ်လို့ခံစားနေရပြီလား။ ဒါဆိုရင်တော့ ဆိုရှယ်မီဒီယာသုံးတာကို ခဏလောက်ဖြစ်ဖြစ်ဖြတ်တောက်သင့်နေပါပြီ။



ဒါပေမယ့်လည်း လူအများစုက ဆိုရှယ်မီဒီယာနဲ့ဝေးဝေးမှာနေရမှာကို ပိုပြီးစိတ်ပူပန်နေတတ်ကြပြီး ဒီပူပန်မှုက ကပ်ရောဂါကာလအတွင်းပိုပြီး မြင့်မားလာစေတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဒါကြောင့်ပဲ ဆိုရှယ်မီဒီယာသုံးလို့ စိတ်ဓာတ်ကျဆင်းမှုတွေ၊ ပူပန်မှုတွေကိုခံစားစေရပြီး ဆိုရှယ်မီဒီယာမသုံးရဘူးဆိုရင်လည်း စိုးရိမ်ပူပန်လာစေပြန်တယ်ဆိုတဲ့ လုံးချာလည်လိုက်နေတဲ့အဖြစ်တွေလည်းရှိလာပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဒီကိစ္စတွေကိုဖြေရှင်းပေးနိုင်တဲ့နည်းလမ်းတွေရှိနေပါသေးတယ်။

ဘာကြောင့် ဆိုရှယ်မီဒီယာကို စွဲလန်းလာကြတာလဲ

Photo: Publi

အဓိကအချက်ကတော့ သတင်းစီးဆင်းမှုပါ။ လူတွေဟာ ဆိုရှယ်မီဒီယာမှာ သတင်းစီးဆင်းမှုမြန်ဆန်ခြင်းကို ရယူခံစားလိုတဲ့အတွက် အသုံးပြုရာကနေ ဆိုရှယ်မီဒီယာမသုံးရမနေနိုင်အောင်စွဲလန်းတဲ့ ပြဿနာရပ်တွေဖြစ်လာတယ်လို့ စစ်တမ်းတွေကဖော်ပြပါတယ်။

ဒါပေမယ့်လည်း ဆိုရှယ်မီဒီယာအပေါ်မှာ မြင်တွေ့နေရတဲ့သတင်းအများစုက စိတ်ထိခိုက်ကြေကွဲစရာ၊ ဝမ်းနည်းစရာဖြစ်ရပ်တွေများလာတဲ့ အခါမှာ စိုးရိမ်ပူပန်မှုတွေစိတ်ဓာတ်ကျဆင်းမှုတွေကိုခံစားလာရပြီး စိတ်ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။

ဆိုရှယ်မီဒီယာစွဲလန်းမှုကို ဘယ်လိုဖြတ်တောက်မလဲ

Photo: USNews

ဆိုရှယ်မီဒီယာအသုံးပြုနေတာက သင့်အတွက်ကောင်းကျိုးမရှိဘူးလို့ခံစားရချိန် ဒါမှမဟုတ် ဆိုရှယ်မီဒီယာအသုံးပြုပြီးချိန်မှာ စိတ်ခံစားချက်တွေပိုမိုဆိုးရွားလာတယ်လို့ ခံစားလာရပြီဆိုရင်တော့ ဆိုရှယ်မီဒီယာကနေ ခဏနားရပါတော့မယ်။

ဒါပေမယ့်လည်း လူအများစုအတွက်တော့ ဆိုရှယ်မီဒီယာကိုဖြတ်တောက်ရတာက မျှော်လင့်ထားတာထက်ပိုခက်တဲ့ အခြေအနေမျိုးနဲ့လည်းရင်ဆိုင်ရနိုင်ပါတယ်။ ဆိုရှယ်မီဒီယာကိုဖြတ်တောက်ရခက်နေပြီဆိုရင်တော့ သီချင်းနားထောင်တာ၊ ဒါမှမဟုတ် အိမ်မွေးခွေးကလေးတွေနဲ့ဆော့ကစားပေးတာစတဲ့နည်းလမ်းတွေနဲ့ ကျော်ဖြတ်နိုင်တယ်လို့ ဆေးသိပ္ပံပညာရှင်တွေကဆိုပါတယ်။

ဆိုရှယ်မီဒီယာကနေတစ်ပတ်နားရင် ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်မလဲ

Photo: Etactics

ပထမဆုံးသိသိသာသာခံစားရနိုင်တာကတော့ စိတ်ကျန်းမာရေးအခြေအနေတိုးတက်လာပြီး ကောင်းမွန်တဲ့ခံစားချက်တွေ အပြုအမူအပြောအဆိုတွေကိုပြောင်းလဲလာတာပါပဲ။

ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုတွေသက်သာစေပြီး စိတ်လက်ပေါ့ပါးလန်းဆန်းနေတာမျိုးတွေ၊ အဆိုးမြင်အတွေးတွေကနေလည်း လွတ်မြောက်လာစေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုမှုကနေ တစ်ပတ်လောက်နားလိုက်မယ်ဆိုရင် ကိုယ်ဝါသနာပါတာတွေကိုလုပ်နိုင်ဖို့အတွက် အချိန်(၉)နာရီလောက်ပိုထွက်လာတယ်လို့လည်း စစ်တမ်းတစ်ခုကဖော်ပြပါတယ်။

ကဲ ဒီတော့ ဆိုရှယ်မီဒီယာသုံးရတာ စိတ်ဖိစီးနေပြီလား၊ နာကျင်မှုတွေကိုခံစားရတာနေရုန်းထွက်ချင်နေပြီလား၊ တစ်ပတ်လောက်နားကြည့်လိုက်ပါ။ ဖော်ပြပါအကျိုးကျေးဇူးတွေကို သေချာပေါက်ခံစားရစေမယ်လို့ အာမခံပါတယ်။

Ref:Healthline

Share

Loading Next Article...
က္က