‌ယောင်းမလောင်းလေးနဲ့ သူတို့မိသားစုဆက်ဆံရေးကို သဇင်ထူးမြင့်က ပြောပြလာတာပါ။

အစ်ကိုဖြစ်သူရဲ့ ချစ်သူ “ချော”နဲ့ပတ်သက်ပြီး သရုပ်ဆောင်သဇင်ထူး မြင့်က သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ သရုပ်ဆောင် နေရဲက သူမရဲ့ ချစ်သူ"ချော"ကို ချစ်သူသက်တမ်း (၁၃)နှစ်ပြည့်အဖြစ် ဧပြီလ ၁၇ ရက်နေ့က လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်မှာ လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။



"မိသားစုလိုဖြစ်နေတာ၊ ပြီးတော့ တွဲတာကလည်းနှစ်တွေအများကြီးကြာလာပြီ ဆိုတော့လေ။ သဲနဲ့ဆိုရင်လည်း အစက ယောင်းမ၊ အစ်မ ၊ အခုဆိုရင်သူငယ်ချင်းတစ်ယောက်လိုလည်းဖြစ်လာပြီ။ သဲက အပြင်သူငယ်ချင်းလည်း ရှားတယ်ဆိုတော့ ဒီအစ်မတွေနဲ့ပဲ သွားတယ်၊ လာတယ်ဆိုတော့ မိသားစု တစ်ယောက် အသစ်တိုးတာကို အရမ်းဝမ်းသာတယ်" ဆိုပြီး သဇင်ထူးမြင့်က အမျိုးတော်လာမယ့် "ချော"နဲ့ပတ်သက်ပြီးပြောပြလာပါတယ်။

မိသားစုဝင်အသစ်ဖြစ်လာမယ့် "ချော” ကို သရုပ်ဆောင် သဇင်ထူးမြင့်တို့ တစ်မိသားစုလုံးက ကြိုဆိုကြတာကိုကိုလည်း ပရိသတ်တွေသဘောကျ နှစ်ခြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

မိသားစု ဝင်အသစ်ကိုလည်း မိသားစုအရင်းနဲ့မခြား ကြိုဆိုဆက်ဆံတဲ့ သရုပ်ဆောင်ခင်လှိုင်တို့မိသားစုရဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်မှာ ရေပန်စားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - သဇင်ထူးမြင့်

" သဲတို့မိသားစု ပုံစံက ပွင့်ပွင့်လင်းလင်း သွားတဲ့ Type ပေါ့နော်။ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတဲ့ပုံစံ၊ ပြီးတော့မှားနေရင်တော့ထောက်ပြတယ်၊ ပြောပြပေးတတ်တယ်။ “ချော” ဆိုရင်လည်းအိမ်မှာ အဝင်အထွက်ရှိတာ မိသားစုလိုတောင် ဖြစ်နေဖြစ်နေပြီဆိုတော့ တစ်အိမ်လုံးကလည်း ချစ်ကြတယ်။ အခုသူတို့ရဲ့ ဗီဒီယို လေးကိုကြည့်ကြတာ 10M လောက်ဖြစ်သွားတော့ အရမ်းဝမ်းသာရပါတယ်" လို့ သဇင်ထူးမြင့်က ပြောပါတယ်။

သရုပ်ဆောင်ခင်လှိုင်ရဲ့ သားဖြစ်သူ နေရဲနဲ့ ချောတို့ဟာ ချစ်သူသက်တမ်း၁၃နှစ်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်း နေရဲက လက်ထပ်ခွင့် တောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီချစ်သူ နှစ်ဦးဟာ အချစ်တွေနဲ့ တည်ဆောက်ခဲ့တဲ့ ချစ်သူသက်တမ်းဟာ သံယောဇဥ်တွေကြောင့် ပိုပြီး လက်တွဲမြဲခဲ့တဲ့ အကြောင်း သဇင်ထူးမြင့်က သူမရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ဓာတ်ပုံ - သဇင်ထူးမြင့်

သဇင်ထူးမြင့်က သရုပ်ဆောင်ခင်လှိုင်ရဲ့ အငယ်ဆုံးသမီးလေးဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း လက်ရှိမှာ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင်ခင်လှိုင်မှာတော့ သားသမီး ၃ဦးရှိပြီး နေရဲနဲ့ သဇင်ထူးမြင့်က အနုပညာလောကထဲမှာ ပရိသတ်အားပေး မှုရရှိထားတဲ့သရုပ်ဆောင်တွေဖြစ်နေကြပြီပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က