ပီကေးရဲ့နောက်ကြောင်းတွေ ထပ်မံဖော်ထုတ်ခံရတာပါ။

ဘရာဇီးအင်ဖလူရန်ဇာတယောက်ဖြစ်တဲ့ ဆူဆန်ကော်တက်ဇ်က ပီကေးတယောက် သူ့အပေါ်ကို ဘယ်လောက်အထိ လိုက်လံနှောင့်ယှက်ခဲ့လဲဆိုတဲ့အကြောင်းတွေကို ဖွင့်ဟလာခဲ့ပါတယ်။ ပီကေးဟာ ဖောက်ပြန်မှုကြောင့် အတူနေချစ်သူ ရှကီရာနဲ့ လမ်းခွဲလိုက်ရပါပြီ။



ပီကေး ဖောက်ပြန်တာကို ရှကီရာတယောက် လက်ပူးလက်ကြပ်မိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး ပီကေးနဲ့ ဖောက်ပြန်ခဲ့တဲ့ အမျိုးသမီးကလည်း ဘာစီလိုနာလူငယ်ကြယ်ပွင့် ဂါဗီရဲ့ အမေဖြစ်တယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ အခု ပီကေးနဲ့ပတ်သက်လို့ ဖွင့်ဟလာတဲ့ ဆူဆန်နဲ့ ပီကေးတို့ ဘာစီလိုနာဥက္ကဌဟောင်းဆီကတဆင့် တွေ့ဆုံခဲ့ဖူးတာပါ။

ဘာစီလိုနာဥက္ကဌဟောင်းဟာ ဆန်ဒရိုရိုဆဲလ်ဖြစ်ပြီး ဆူဆန်ကတော့ ရိုဆဲလ်ရဲ့ သူငယ်ချင်းတယောက်ဖြစ်ပါတယ်။ ဒီလိုမျိုး တွေ့ဆုံပြီးနောက် ပီကေးက ဆူဆန်ဆီကို အင်စတာဂရမ်ကတတဆင့် အမြဲတမ်းလိုလို မက်ဆေ့ချ်ပို့ နှောင့်ယှက်ခဲ့ပြီး ဆူဆန်ရဲ့ တင်ပါးအရွယ်အစားကိုလည်း တချိန်လုံးမေးမြန်းခဲ့တယ်လို့ သိရှိရပါတယ်။ ဆူဆန်က “ကျမက ဘာစီလိုနာဥက္ကဌဟောင်း ဆန်ဒရိုရိုဆဲလ်နဲ့ သူငယ်ချင်းဖြစ်ခဲ့ပါတယ်”

“ပီကေးက ဒါကို သိခဲ့တဲ့နောက် ကျမ ဖုန်းနံပါတ်ကိုမေးပြီး မက်ဆေ့ချ်တွေလည်း ပို့ခဲ့ပါတယ်။ ကျမ ဘရာဇီးကို ပြန်ရောက်သွားပြီးနောက်ပိုင်း သူက အင်စတာဂရမ်ကနေ တိုက်ရိုက်မက်ဆေ့ချ်ပို့ပါတယ်။ ပြီးရင် အဲ့ဒီ မက်ဆေ့ချ်တွေကို သူနေ့တိုင်း ပြန်ဖျက်ပါတယ်။ ကျမ ဘယ်တော့ ဥရောပကို ပြန်လာမလဲဆိုတာတွေ၊ ကျမ တင်ပါးက ဘယ်လောက်တောင်ကြီးလဲဆိုတာတွေကို ပီကေး အမြဲတမ်းမေးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီးတော့လည်း ဆူဆန်က “ရှကီရာကို လေးစားမှုထားတဲ့အနေနဲ့ ကျမ ဒီအကြောင်းတွေ တခါမှ ထုတ်မပြောခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုတော့ ကျမသိသမျှ၊ ဖြစ်ပျက်ခဲ့သမျှ အကုန်ပြောမှာပါ။ ပီကေးက ဒီလိုပို့တဲ့ ဘာစီလိုနာ ကစားသမားတွေထဲက တယောက်ပါ။ ကျမဆီ ဘာမှမပို့တာဆိုလို့ မက်ဆီနဲ့ကော်တင်ဟိုတို့ နှစ်ယောက်ပဲရှိခဲ့ပါတယ်”

“သူတို့က ခင်ပွန်းကောင်းတွေဖြစ်ပြီး သူတို့ရဲ့ ဇနီးတွေကို လေးစားမှုရှိကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆူဆန်ပြောတဲ့ ကော်တင်ဟိုနဲ့မက်ဆီတို့နှစ်ယောက်လုံးကတော့ အခုချိန်မှာ ဘာစီလိုနာကနေ ထွက်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။ 

Share

က္က