ဒါဝင်နူနက်ဇ်က ကလော့ပ်ဆီလာမယ်လို့ အသိပေးခဲ့တာပါ။

လက်ရှိအပြောင်းအရွှေ့စျေးကွက်မှာ ရေပန်းစားနေတဲ့ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့လီဗာပူးတို့ အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။ မနေ့ညက နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ လီဗာပူးဟာ ကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀)၊ အပိုဆုကြေး ယူရိုသန်း (၂၀) နဲ့ ကမ်းလှမ်းထားပါတယ်။



ယူနိုက်တက်ကလည်း ဒါဝင်နူနက်ဇ်ကို စိတ်ဝင်စားနေပေမယ့် ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားလိုတာကြောင့် ယူနိုက်တက်အပြင် နောက်ထပ် ပရီးမီးယားလိဂ်အသင်းတသင်းဖြစ်တဲ့ နယူးကာဆယ်ရဲ့ ချဥ်းကပ်မှုကိုပါ ငြင်းဆန်ခဲ့ပြီးသားပါ။ လီဗာပူးကလည်း ဒါဝင်နူနက်ဇ်အတွက် အချိန်တိုအတွင်းမှာ လျင်လျင်မြန်မြန်နဲ့ ကြိုးစားလာခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်မရထားတဲ့ ယူနိုက်တက်ဟာ အသက် (၂၂) နှစ်အရွယ် ဒါဝင်နူနက်ဇ်ကိုခေါ်ယူဖို့အတွက် ငွေကြေးအမြောက်အမြားသုံးစွဲလိုခြင်းလည်း မရှိဘူးလို့ သိရှိရပါတယ်။ ဒါ့အပြင် လီဗာပူးနည်းပြ ကလော့ပ်နဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒီလိုမျိုးဆွေးနွေးတဲ့နေရာမှာ ကစားသမားဘက်က အခြားသော ပရီးမီးယားလိဂ်အသင်းတွေထက် လီဗာပူးကိုသာ ပြောင်းရွှေ့ချင်တဲ့အကြောင်း အသိပေးထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ လီဗာပူးဟာ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ မာနေးကို လက်ရှိနွေရာသီမှာ လက်လွှတ်ရဖို့ တော်တော်လေး သေချာသလောက်ရှိနေပါတယ်။

အဲ့ဒါကြောင့်လည်း ဒါဝင်နူနက်ဇ်အတွက် လီဗာပူးတို့ ပိုက်ဆံသုံးစွဲသွားဖွယ်ရှိပြီး ကစားသမားနဲ့ပုဂ္ဂိုလ်ရေးအရ အဆင်ပြေသည့်တိုင် ဘင်ဖီကာနဲ့ ပြောင်းရွှေ့ကြေးကို သေချာညှိနှိုင်းရဖွယ်ရှိပါတယ်။ ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့တုန်းကလည်း လီဗာပူးဘက်ကို နှစ်ကျော့လုံး ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။ 

Share

က္က