Twitter ဝန်ထမ်းတွေအကြားမှာ ကုမ္ပဏီကို အီလွန်မတ်စ် ဝယ်ယူမှုအပေါ် မေးခွန်းထုတ်စရာအများအပြား ရှိနေပါတယ်။

ကုမ္ပဏီဝယ်ဖို့ သဘောတူညီချက်ရပြီးချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် အီလွန်မတ်စ်ဟာ Twitter ဝန်ထမ်းတွေနဲ့ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။


ဒီတစ်ပတ်ထဲမှာ အီလွန်မတ်စ်ဟာ Twitter ဝန်ထမ်းအားလုံးနဲ့ Townhall Meeting တစ်ခု လုပ်ဖို့ ရှိပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဝန်ထမ်းတွေ သိလိုသမျှကို အီလွန်မတ်စ်က ဖြေကြားရတော့မှာ ဖြစ်ပါတယ်။ Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ဖို့ ဧပြီလထဲမှာ သဘောတူညီချက်ရပြီးကတည်းက သူ့အနေနဲ့ ပထမဆုံးအကြိမ် ဝန်ထမ်းတွေ့ဆုံပွဲ လုပ်မှာ ဖြစ်ပါတယ်။ တွေ့ဆုံပွဲကို ကြာသာပတေးနေ့ မနက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း Twitter က အတည်ပြုပါတယ်။ 




အီလွန်မတ်စ်နဲ့ Twitter အကြားမှာ လုပ်ငန်းအရောင်းအဝယ်ကိစ္စ ကြန့်ကြာနေတဲ့ အချက်အပါအဝင် ကုမ္ပဏီလက်လွှဲရောင်းချပြီးနောက် ဖြစ်လာနိုင်တဲ့ အပြောင်းအလဲနဲ့ ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပင်မှုကိုပါ ဒီတွေ့ဆုံပွဲမှာ ကြားသိရဖို့ ရှိပါတယ်။ ကုမ္ပဏီကို လက်လွှဲဝယ်ယူပြီးနောက်မှာ အီလွန်မတ်စ်ဘက်က ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမလဲဆိုတဲ့အချက်ကိုလည်း ဝန်ထမ်းတွေဘက်က တိုက်ရိုက်မေးခွန်းထုတ်လို့ ရမှာ ဖြစ်ပါတယ်။ 

Business Insider သတင်းတစ်ပုဒ်အရ Twitter CEO ပါရက်ဂ် အဂ္ဂရာဝဲလ်ရဲ့ အီးမေးလ်ထဲမှာ အီလွန်မတ်စ်နဲ့ Twitter ဝန်ထမ်းတို့ တွေ့ဆုံပွဲကို ကုမ္ပဏီဈေးကွက်အရာရှိချုပ် လက်စ်လေ ဘားလန်းက စီစဉ်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကုမ္ပဏီဘက်က သူလိုချင်တဲ့ အကောင့်တုနဲ့ Spam Accounts အကြောင်း အသေးစိတ်အချက်အလက်တွေ ထုတ်မပေးရင် ကုမ္ပဏီဝယ်ဖို့ ကိစ္စကို ဖျက်ပစ်မယ်ဆိုပြီး အီလွန်မတ်စ်က Twitter ကို စာပို့သတိပေးထားတာ ရှိလို့ အခုလို ဝန်ထမ်းတွေနဲ့ တွေ့ဆုံမယ့်ကိစ္စဟာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

Twitter ဝန်ထမ်းတွေအကြားမှာ ကုမ္ပဏီကို အီလွန်မတ်စ် ဝယ်ယူမှုအပေါ် မေးခွန်းထုတ်စရာအများအပြား ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က