ပိုင်တံခွန်ကအနုပညာကြေးမယူဘဲ သရုပ်ဆောင်ပေးခဲ့တာပါ။

အဆိုတော်တွင်ကယ်လ်ကတော့ သူမနာမည်ကြီးခဲ့တဲ့"စွန်ကလေး"သီချင်းကို ပိုင်တံခွန်နဲ့မကြာခင်က ရိုက်ကူးပြီးစီးခဲ့ပြီပဲ ဖြစ်ပါတယ်။ 

အဆိုတော်တွင်ကယ်လ်ရဲ့ "စွန်ကလေး "သီချင်းမှာ သရုပ်ဆောင်ပိုင်တံခွန်ဟာ အနုပညာကြေးမယူဘဲမေတ္တာနဲ့ကူညီပေးခဲ့တဲ့အကြောင်းကိုလည်း အဆိုတော်တွင်ကယ်လ်က ဝမ်း​မြောက်စွာပြောပြလာခဲ့ပါတယ်။ 

"အစ်မ စွန်ကလေးသီချင်းကိုသူလေးနဲ့သာရိုက်လိုက်ရရင်လွင့်နေမှာပဲလို့ စိတ်ကူးခဲ့တာ။ မဖြစ်နိုင်ပါဘူးဆိုပြီးပဲ တစ်ယောက်တည်းတွေးနေခဲ့တာ။ အဲ့ဒီ့အချိန်မှာပဲ ဘုရားသီချင်းတွေဆိုရင်းနဲ့ မမီးနိုက ကူညီပေးရင်းနဲ့ပိုင်တံခွန်နဲ့ ရိုက်ဖို့ဖြစ်လာခဲ့တာပါ။ သူက အစ်မကိုမေတ္တာနဲ့ကူညီပေးခဲ့တယ်။ ပံ့ပိုးမှုတွေအရမ်းအားကောင်းသွားလို့စွန်ကလေးသီချင်းကိုလုပ်ဖြစ်ခဲ့တာပါ"ဆိုပြီး စွန်ကလေးသီချင်းမှာ မေတ္တာနဲ့ကူညီပေးခဲ့တဲ့ပိုင်တံခွန်အကြောင်းကိုပြောပြခဲ့ပါတယ်။ 

Photo-Twinkle FB


ပိုင်တံခွန်ရဲ့ပရိသတ်တစ်ဦးလည်းဖြစ်တယ်ဆိုတဲ့တွင်ကယ်လ်တစ်ယောက် စွန်ကလေး ရိုက်ကွင်းက အတွေ့အကြုံတွေကိုလည်း​ပြောပြခဲ့ပါတယ်။ 

"အစ်မကသူ့ရဲ့ပရိသတ်လို့လည်းပြောလို့ရတယ်။ သူနဲ့မရိုက်ခင်ကတည်းက အစ်မက လေ့ကျင့်ခန်းတွေလုပ်။ ဝိတ်တွေချရတယ်။ မိုတီအပြည့်နဲ့ကိုဆော့နိုင်ခဲ့တာ။ တကယ်လည်းရိုက်ရရော ပထမက ရှိန်နေတယ်။ နောက်ပိုင်းကျတော့ ပြန်တောင်မပြန်ချင်တော့တဲ့အထိပဲ။ Mood တွေအရမ်းဝင်ပြီး သရုပ်ဆောင်ပြီးရင်းသရုပ်ဆောင်ချင်တာ။ မောင်လေးကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ အစ်မက အခွင့်အရေးကောင်းကိုရခဲ့တာပေါ့နော်။ကူညီပေးလို့လည်း ကျေးဇူးတင်ပါတယ်" ဆိုပြီးအတွေ့အကြုံတွေကိုဝေမျှလာပါတယ်။ 




Photo-Twinkle FB

စွန်ကလေးသီချင်းကိုတော့ သရုပ်ဆောင်ပိုင်တံခွန်၊ ဘုန်းလျှံ၊ တွင်ကယ်လ်တို့က ပါဝင်သရုပ်ဆောင်ထားပြီး သီချင်းပါအကြောင်းအရာအတိုင်းနီးစပ်အောင် သရုပ်ဆောင်ထားတယ်လို့လည်းသိရပါတယ်။ သီချင်းလေးကိုတော့ ဇွန်လ ၁၆ရက်နေ့မှာ Legancy Music ကနေ ဖြန့်ချိသွားမှာလည်းဖြစ်ပါတယ်။ 

အဆိုတော်တွင်ကယ်လ်ကတော့ အနုပညာအလုပ်တွေနဲ့ ဆယ်စုနှစ်တစ်စုကြာ ဝေးကွာနေခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ တွင်ကယ်လ်ဆိုပြီး ပရိသတ်သတိထားမိခဲ့တဲ့ "စွန်ကလေး" သီချင်းကို ပြန်လည်ဖန်တီးသီဆိုပြီးး Music Video အဖြစ်အသက်သွင်းခဲ့တာပဲဖြစ်ပါတယ်။

Share

က္က