အမ်ဘာပေကို မခေါ်ယူဖြစ်ခဲ့ပုံနဲ့ပတ်သက်လို့ ပီရက်ဇ်ကပြောကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်က အမ်ဘာပေရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတဲ့ကိစ္စအပေါ် ဖွင့်ဟလာခဲ့ပါတယ်။ အဆိုပါပြင်သစ်ကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ အိပ်မက်မက်ခဲ့ပေမယ့် တကယ်တမ်း ပီအက်စ်ဂျီက မက်လုံးအပြည့်အဝပေးလာချိန်မှာတော့ အသင်းနဲ့ပဲ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။



ဒီလိုမျိုး အမ်ဘာပေရဲ့ အပြောင်းအရွှေ့မှာ အသေးစိတ်ကျတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ပီရက်ဇ်က အခုလိုပဲ ဖွင့်ဟပါတယ်။ ပီရက်ဇ်က “အမ်ဘာပေက ကျနော့်ကို သစ္စာမဖောက်ခဲ့ပါဘူး။ သူက ရီးရဲလ်မက်ဒရစ်မှာ ကစားချင်တဲ့ အိပ်မက်ကို ဖွင့်ဟခဲ့ပြီး ဒါကလည်း အမှန်ပါ။ ပြီးခဲ့တဲ့ သြဂုတ်မှာ ပီအက်စ်ဂျီက သူ့ကိုမရောင်းချင်ခဲ့ပါဘူး”

ကျနော်တို့ တနှစ်စောင့်ခဲ့ပြီး ဒီကြားထဲလည်း သူစိတ်မပြောင်းပါဘူး။ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်မချုပ်ခင် (၁၅) ရက်အလိုလောက်အထိပေါ့။ ဘာလို့လဲဆိုတော့ နိုင်ငံရေးဖိအားတွေ၊ စီးပွားရေးကိစ္စတွေကြောင့်ပေါ့။ အကျိုးဆက်အနေနဲ့ သူ့အိပ်မက်ကို ပြောင်းလဲလိုက်ရပါတယ်။ ဖိအားကတော့ ကျနော်တို့အားလုံးမှာလည်းရှိတာပဲလေ”

ဒါပေမယ့် လူငယ်တွေအပေါ် ပိုများတာပေါ့။ ပြင်သစ်သမ္မတမက်ခရွန်က သူ့ဆီဖုန်းခေါ်တဲ့လုပ်ရပ်က အဓိပ္ပာယ်မရှိပါဘူး။ အဲ့ဒါက အမ်ဘာပေကို အရမ်းလွှမ်းမိုးခဲ့ပါတယ်။ ကျနော်လိုချင်တဲ့ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်အတွက် ကစားဖို့ အိပ်မက်မက်နေတဲ့အမ်ဘာပေပါ”

“လာမယ့် (၃) နှစ်အတွင်း အမ်ဘာပေကို ခေါ်ဖို့ရှိလားဆိုရင် ကျနော် မသိပါဘူး။ ဘာမဆိုဖြစ်ပျက်နိုင်တယ်လေ။ ဒါပေမယ့် နိုင်ငံအသင်းရဲ့ စပွန်ဆာစာချုပ်ကိစ္စကိုတောင် ငြင်းဆန်ခဲ့တဲ့ အမ်ဘာပေကိုတော့ ကျနော် ခေါ်မှာ မဟုတ်ပါဘူး။ သူ့ဆီမှာ အိပ်မက်တွေရှိပေမယ့် တခါတလေ အခြားသောကိစ္စတွေကြောင့် အကောင်အထည်မဖော်နိုင်တာမျိုးရှိပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ အသင်းထက် ပိုအရေးကြီးတဲ့ ကစားသမားမျိုးမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က