ဟောင်းဝက်ဒ်ဝက်ဘ်ကို မန်ချက်စတာယူနိုက်တက်ပရိသတ်လို့ စွပ်စွဲခဲ့ကြတာပါ။

ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးဟောင်း ဟောင်းဝက်ဒ်ဝက်ဘ်ဟာ တခေတ်တခါတုန်းက ယူနိုက်တက်ကို မျက်နှာလိုက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ဖူးတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီဒိုင်လူကြီးက ယူနိုက်တက်ကို အားပေးတယ်လို့လည်း သူ့ရဲ့ အထ္ထုပတ္တိမှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။



ဒါပေမယ့် တကယ်တမ်း ဟောင်းဝက်ဒ်ဝက်ဘ် အားပေးတဲ့ ယူနိုက်တက်က မန်ချက်စတာယူနိုက်တက် မဟုတ်ဘဲ ရိုသာဟမ်ယူနိုက်တက်သာဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဟောင်းဝက်ဒ်ဝက်ဘ်က “အချို့အကြောင်းအရာတွေကို ကျနော်တို့ တည့်တည့်ပဲ ပြောလိုက်ကြရအောင်။ ခင်ဗျားတို့ အင်တာနက်ပေါ်မှာ မြင်တွေ့နေတဲ့အရာတွေက ဆန့်ကျင်ဘက်တွေပါ”

“ကျနော် တခါမှလည်း ဆာအဲလက်စ်ဖာဂူဆန် (ယူနိုက်တက်နည်းပြဟောင်း) နဲ့ အတူတူမအိပ်ဖူးပါဘူး။ အိုးထရက်ဖို့ဒ်ကွင်းပြင်မှာလည်း ကျနော့်ရဲ့ရုပ်တုကြီးမရှိပါဘူး။ ကျနော့်ကလေးတွေကိုလည်း ရီယို (ဖာဒီနန်)၊ ဝိန်း (ရွန်းနီ)၊ ခရစ္စတီယာနို (ရော်နယ်ဒို) ဆိုပြီးတော့လည်း မခေါ်ပါဘူး။ ကျနော့်ရဲ့ ဘယ်ဘက်တင်ပါးမှာလည်း သရဲနီ တက်တူးမထိုးထားပါဘူး”

“ကျနော် အားပေးတဲ့ တသင်းတည်းသော ယူနိုက်တက်က ရိုသာဟမ်ယူနိုက်တက်ပဲရှိပါတယ်။ ဒါက အမှန်တရားပါပဲ” လို့ ရေးသားခဲ့ပါတယ်။ လီဗာပူးကစားသမားဟောင်း ဘာဘယ်လ်ကလည်း ယူနိုက်တက်ကို ရှုံးနိမ့်ပြီးနောက် ဟောင်းဝက်ဒ်ဝက်ဘ်ကို ဖိုတိုရှော့နဲ့ ယူနိုက်တက်ဂျာစီ ဝတ်ပေးခဲ့ဖူးပြီး ဒီအတွက်လည်း ပေါင်တသောင်း ဒဏ်ငွေရိုက်ခံခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က