"အေးဆေးနားပါတော့ ငါ့ကောင်"တဲ့။

"မပျက်မချင်း ဖုန်းသစ်မဝယ်ဘူး" ဆိုတဲ့ ခံယူချက်ရှိသူတွေထဲမှာ နာမည်ကျော် Captain America မင်းသားလည်း ပါဝင်ပါတယ်။

နည်းပညာသစ်တွေ နှစ်တိုင်း ပြောင်းလဲလာနေပေမယ့် နာမည်ကျော် Captain America မင်းသား ခရစ္စ အီဗန်စ်ကတော့ ၂၀၁၅ ထုတ် iPhone ကို မနေ့တစ်နေ့ကအထိ စွဲစွဲမြဲမြဲ မပြောင်းတမ်း သုံးနေခဲ့တာပါ။ ဇွန်လ ၂၅ ရက်နေ့မှာတော့ ခရစ္စ အီဗန်စ်ဟာ မိနစ်ပိုင်းအတွင်း ဘက်ထရီအားအပြည့်ကနေ ၁၅% ကို ထိုးကျလာတဲ့ iPhone 6S လေးကို အနားပေးလိုက်ပြီလို့ သူ့ရဲ့ Instagram ကနေ ပြောခဲ့ပါတယ်။ 




ခရစ္စရဲ့ Instagram မှာ "RIP iPhone 6s ငါတို့တွေ ကောင်းမွန်တဲ့ခရီးတစ်ခု အတူသွားခဲ့တယ်။ မင်းရဲ့ Home Button လေးကို လွမ်းနေမှာပါ။ မင်းကို အားသွင်းဖို့ ညတိုင်း ကြိုးစားတဲ့တာတွေ , ရုပ်ထွက်မလှတဲ့ ဓါတ်ပုံတွေ , နောက်ပြီး ၁၀၀% အားအပြည့်သွင်းထားရာကနေ မိနစ်ပိုင်းအတွင်း ဘက်ထရီအား ၁၅% ရုတ်တရပ်ကြီး ထိုးကျသွားတာတွေ မလွမ်းပါဘူး။ စိတ်လှုပ်ရှားစရာ စွန့်စားခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အေးဆေးနားပါတော့ ငါ့ကောင်" ဆိုပြီး ရေးထားပါတယ်။ 

ဒီစာနဲ့အတူ ခရစ္စဟာ ဖုန်းဟောင်းတစ်လုံးနဲ့ ဖုန်းသစ်တစ်လုံး အတူယှဉ်ထား ထားတဲ့ပုံတစ်ပုံပါ မျှဝေထားပါတယ်။ iPhone 6S ရဲ့ ဘေးမှာ ဖုန်းဟောင်းထဲက ဒေတာတွေ Transfer လုပ်နေတဲ့ ဖုန်းကလည်း iPhone ပဲ ဖြစ်ပြီး အရွယ်အစား သိပ်မကွာတာကြောင့် iPhone 13 Mini ဖြစ်မယ်လို့ ယူဆရပါတယ်။ ခရစ္စအီဗန်ရဲ့ iPhone 6S ကို RIP လုပ်တဲ့ ပို့စ်ဟာ Instagram မှာ like ၂.၅ သန်းကျော် ရှိခဲ့ပြီး မှတ်ချက်ပေါင်း ၃ သောင်းကျော်နဲ့ စိတ်ဝင်တစား တုံ့ပြန်မှုရှိခဲ့ကြပါတယ်။ 


iPhone 6S ဟာ အခုထက်ထိ iOS 15 တရားဝင် Support ရနေဆဲ ဖုန်းဖြစ်ပေမယ့် သက်တမ်းအားဖြင့် ၇ နှစ်ထဲ ရောက်လာပြီ ဖြစ်လို့ အဟောင်းတန်းမှာ ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ Apple ဟာ ဒီနှစ်ထဲမှာ ကင်မရာနဲ့ဒီဇိုင်းအကြီးအကျယ် ပြောင်းထားတဲ့ iPhone သစ်တွေ မိတ်ဆက်ဖို့ ရှိပြီး ပုံမှန်အတိုင်းဆို စက်တင်ဘာလထဲမှာ iPhone သစ်တွေအကြောင်း တရားဝင်မိတ်ဆက်မှု လုပ်သွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က