တန်ဟက်ခ်က ယူ-၂၃ က လူငယ်တွေကို အနီးကပ်သင်ကြားပေးနေတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ ဒီတပတ် တနင်္လာမှာ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဥ်တွေကို စတင်ခဲ့ပြီးဖြစ်ပါတယ်။ တန်ဟက်ခ်ရဲ့လေ့ကျင့်ခန်းအစီအစဥ်တွေနဲ့ပတ်သက်လို့ ကစားသမားတွေက ပျော်ရွှင်နေတယ်လို့ ကာရင်တန်သတင်းရင်းမြစ်တွေကဖော်ပြခဲ့ပြီး တန်ဟက်ခ်နဲ့ လက်ထောက်မက္ကလာရင်တို့ကလည်း ကစားသမားတွေရဲ့ နေထိုင်စားသောက်ပုံစနစ်ကိုပါ ကြပ်မတ်နေပါတယ်။



အခုတခါမှာလည်း အသက် (၅၂) နှစ်အရွယ် တန်ဟက်ခ်တယောက် ကာရင်တန်မှာ အကယ်ဒမီကစားသမားတွေကို တဦးချင်းမောင်းနှင်သင်ကြားပေးနေတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာပါတယ်။ ယူနိုက်တက် ယူ-၂၃ အသင်းက ကစားသမားတွေကို တန်ဟက်ခ်က အနီးကပ်လေ့ကျင့်ပေးနေတာဖြစ်ပြီး အသေးစိတ်ကအစ ပြသပေးနေတာကို ဗီဒီယိုဖိုင်မှာ မြင်တွေ့ရမှာပါ။



ဒီရုပ်သံထဲမှာ မြင်တွေ့ရတဲ့ ကစားသမားတွေက ရှိုတိုင်းရား၊ ချာလီဆားဗေ့ချ်၊ ဇီဒန်းအစ်ဘယ်၊ ဂါနာချိုတို့ဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ ပြီးခဲ့တဲ့ရာသီ ရန်းနစ်ဂ်လက်ထက်မှာ ယူနိုက်တက်စီနီယာအသင်းကြီးအတွက် ပွဲကစားခွင့်ရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။

တန်ဟက်ခ်ဟာ လူငယ်ကစားသမားတွေကို သာမန်အပေါ့စားပေးပို့မှုတွေ ပြုလုပ်ပြီးနောက် ပွဲအရှိန်ကိုတင်ဖို့ ခပ်သွက်သွက်ညွှန်ကြားပေးနေပြီး နောက်ဆုံးမှာတော့ ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။ တန်ဟက်ခ်ဟာ အေဂျက်စ်ကိုကိုင်တွယ်ချိန်မှာလည်း အကယ်ဒမီထွက် ကစားသမားတွေကို အသင်းကြီးထံ စင်တင်ပေးခဲ့ဖူးပါတယ်။

သူမြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမားတွေက အခုဆိုရင် ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့လို ဥရောပထိပ်တန်းအသင်းကြီးတွေထံ ရောက်ရှိနေခဲ့ပြီး ဒီအထဲက ကစားသမားအချို့နဲ့လည်း ပြန်လည်လက်တွဲနိုင်ဖို့ တန်ဟက်ခ်က လက်ရှိနွေစျေးကွက်မှာ ပစ်မှတ်ထားကြိုးစားလျက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က