ယူနိုက်တက်တို့ အပြောင်းအရွှေ့မှာ အာဆင်နယ်ထက် လက်ဦးမှုရခဲ့တာပါ။

အာဆင်နယ်က ကနဦးပစ်မှတ်ထားခဲ့တဲ့ အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူဖို့ ယူနိုက်တက်က အကောင်းဆုံးအခြေအနေတရပ်ကို ပိုင်ဆိုင်သွားပြီလို့ တိကျခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ အာဂျင်တီးနားနောက်ခံလူအတွက် အာဆင်နယ်တို့ နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ဖူးပါတယ်။



ဒါပေမယ့် ဒီကမ်းလှမ်းမှုတွေကို အေဂျက်စ်ဘက်က ပယ်ချခဲ့ပြီး အခု ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေက အကောင်းဆုံး အနေအထားတရပ်မှာရှိနေခဲ့တာပါ။ အေဂျက်စ်ဟာ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၃) သန်း သတ်မှတ်ထားပြီး အာဆင်နယ်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုကလည်း အပိုဆုကြေးပါဝင်မှ ပေါင် (၃၈) သန်းသာ ရှိခဲ့ပါတယ်။

ဒါ့အပြင် အေဂျက်စ်ဟာ ယူနိုက်တက်ကို စျေးကိုင်မှာမဟုတ်ဘဲ သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းပေးသွားဦးမယ်လို့ သိရှိရပါတယ်။ အေဂျက်စ်အကြီးအကဲ ဗန်ဒါးဆားဟာ ယူနိုက်တက်ဂန္တဝင်ဂိုးသမားဟောင်းတယောက်ဖြစ်ပြီး နှစ်ဖက်အသင်းကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပါတယ်။

လီဆန်ဒရိုကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ အေဂျက်စ်နည်းပြဟောင်း တန်ဟက်ခ်နဲ့ ပြန်လည်လက်တွဲဖို့ ဆန္ဒရှိနေပြီး ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုတွေမှာ တစုံတရာအခက်အခဲရှိနိုင်မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ မာလာစီယာအတွက် အလုံးစုံသဘောတူညီမှုရရှိခဲ့ပြီး ဆေးစစ်မှုခံယူဖို့နဲ့ တရားဝင်စာချုပ်ချုပ်ဖို့သာ ကျန်ရှိတော့တာပါ။

ဒါ့အပြင် ဘာစီလိုနာကွင်းလယ်လူဖရန်ကီဒီဂျောင်၊ ဘရန့်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်တို့ကိုလည်း ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ လီဆန်ဒရိုအတွက်လည်း အာဆင်နယ်ကိုအနိုင်ယူနိုင်ဖို့ ယုံကြည်ချက်ရှိနေပြီး ပရိသတ်တွေကတော့ ရာသီမစခင်မှာတင် ယူနိုက်တက်တို့ အာဆင်နယ်ကို အနိုင်ယူနေ၊ ဒုက္ခပေးနေပြီလို့ဆိုနေကြပါတယ်။

Share

Loading Next Article...
က္က