တူဟယ်လ်ရဲ့သဘောထားကို ဖော်ပြခဲ့တာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံထားတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆန္ဒမရှိဘူးလို့ CBS သတင်းဌာနရဲ့ ဂျာနယ်လစ်ဘန်ဂျာကော့ဘ်က ပြောပါတယ်။ ရော်နယ်ဒိုဟာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုကိုသာရရှိခဲ့ရင် ရောင်းထုတ်ပေးဖို့အတွက် ယူနိုက်တက်ကို တောင်းဆိုထားပါတယ်။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကစားသမားရဲ့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလီတို့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေမှာ အတိအလင်းဖော်ပြခဲ့ပါတယ်။ တော့ဒ်ဘိုလီဟာ လက်ရှိချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို ကိုယ်တိုင် ဦးဆောင်နေတာဖြစ်ပြီး နာမည်ကျော်ကြယ်ပွင့်တွေဖြစ်တဲ့ နေမာ၊ ရော်နယ်ဒိုတို့ကို ပစ်မှတ်ထားနေဟန်ရှိပါတယ်။

အဆိုပါအမေရိကန်သူဌေးအနေနဲ့ ရော်နယ်ဒိုကိုခေါ်ယူနိုင်ရေးနဲ့ ပတ်သက်လို့ ဂျော့ချ်မန်ဒက်စ်ထံ မေးမြန်းတီးခေါက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုးနှစ်ယောက်သားတွေ့ဆုံအပြီး မကြာခင်မှာတင် ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာဖို့ သတင်းတွေက ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် CBS ရဲ့ ဂျာနယ်လစ်ဂျာကော့ဘ်ကတော့ ဒီနှစ်ယောက်တွေ့ဆုံမှုက ရော်နယ်ဒိုအတွက် မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ “ဂျော့ချ်မန်ဒက်စ်နဲ့ တော့ဒ်ဘိုလီတို့ တွေ့ဆုံခဲ့တဲ့သတင်းတွေကို အများကြီးတော့ မဖတ်သင့်ပါဘူး။ ရော်နယ်ဒိုအတွက် သူတို့နှစ်ယောက် အဓိက ဆွေးနွေးခဲ့တယ်ဆိုပေမယ့် အဲ့ဒီအချိန်မှာ ရော်နယ်ဒိုအတွက် တွေ့တာ ဒါမှမဟုတ် သူ့အကြောင်းကို အဓိကဆွေးနွေးခဲ့တာမျိုးမရှိပါဘူး”

“တော့ဒ်ဘိုလီက သူ့ကိုယ်သူ ဂျော့ချ်မန်ဒက်စ်နဲ့ မိတ်ဆက်ခဲ့ပြီး နောက်ထပ် နာမည်ပေါင်းမြောက်မြားစွာရဲ့ အကြောင်းတွေကိုလည်းပြောကြားခဲ့ပါတယ်။ တူဟယ်လ်က ရော်နယ်ဒိုကို လိုချင်တဲ့ အရိပ်အယောင်တောင် မရှိပါဘူး” လို့ ဂျာကော့ဘ်က ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က