ဘရူနိုဖာနန်ဒက်စ် ကျောနံပါတ် အပြောင်းအလဲလုပ်ခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ လာမယ့်ဘောလုံးရာသီမှာ ကျောနံပါတ် (၈) ကို ပြောင်းလဲဝတ်ဆင်တော့မယ်လို့ သိရှိရပါတယ်။ အဆိုပါ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူဟာ ယူနိုက်တက်ကို စရောက်တည်းက ဂန္တဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်ရဲ့ ကျောနံပါတ် (၁၈) ကို ဝတ်ဆင်ခဲ့တာပါ။



လက်ရှိအချိန်မှာ မာတာက ယူနိုက်တက်ကနေထွက်ခွာသွားပြီဖြစ်တာကြောင့် လစ်လပ်နေတဲ့ကျောနံပါတ် (၈) ကို ဘရူနိုဖာနန်ဒက်စ်က ဝတ်ဆင်တော့မှာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ အဆိုပါကျောနံပါတ်ကို အူဒီနီးစ်၊ စပို့တင်းလစ္စဘွန်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့မှာ ဝတ်ဆင်ခဲ့ဖူးပါတယ်။ (၁၉၉၄)၊ စက်တင်ဘာ (၈) မှာ မွေးဖွားခဲ့တဲ့ သူ့ရဲ့လက်မှာလည်း နံပါတ် (၈) ကို တက်တူးရေးထိုးထားပါသေးတယ်။

မာတာ အသင်းနဲ့စာချုပ်သစ်ချုပ်ခဲ့တုန်းကလည်း သူအကြိုက်ဆုံး ကျောနံပါတ်ကို ဝတ်ဆင်ဖို့ နှောင့်နှေးစေခဲ့ပြီလို့ ဘရူနိုဖာနန်ဒက်စ်က နောက်ပြောင်ခဲ့ဖူးပါတယ်။ (၁၉၉၄) ကစလို့ ယူနိုက်တက်ရဲ့ ကျောနံပါတ် (၈) ကို ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေက ပေါလ်အင့်စ်၊ နစ်ကီဘတ်၊ ရွန်းနီ၊ အန်ဒါဆင်တို့ပဲဖြစ်ပါတယ်။

ရွန်းနီကတော့ ဒီကျောနံပါတ်ကို ယာယီသာဝတ်ဆင်ခဲ့တာဖြစ်ပြီး (၂၀၀၇-၀၈) မှာတော့ ကျောနံပါတ် (၁၀) ကို ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာမှ ကွင်းလယ်လူ အန်ဒါဆင်က ဒီကျောနံပါတ် (၈) ကို အမြဲတမ်းအနေနဲ့ ဆက်လက်ဝတ်ဆင်ကစားခဲ့ပါတယ်။

(၂၀၁၅) ကစလို့ မာတာက ကျောနံပါတ် (၈) ကို ဝတ်ဆင်ခဲ့ပြီး အခုချိန်မှာတော့ ဘရူနိုဖာနန်ဒက်စ်က ဆက်လက်ဝတ်ဆင်တော့မှာပါ။ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီကျောနံပါတ် (၈) ကို လီဗာပူးနဲ့ ကစားမယ့် ရာသီကြိုခြေစမ်းပွဲကစလို့ ဝတ်ဆင်သွားမယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်တို့ အသစ်ခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ မာလာစီယာကလည်း ကျောနံပါတ် (၁၂) ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က