တန်ဟက်ခ်က အသင်းကို စည်းကမ်းကြီးကြီးနဲ့ ကိုင်တွယ်နေတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတယောက်ကို စည်းကမ်းပိုင်းဆိုင်ရာပြစ်မှုကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီကစားသမားဟာ အသင်းလိုက်ပြုလုပ်တဲ့ အစည်းအဝေးကို နှစ်ကြိမ်တိုင်တိုင် နောက်ကျခဲ့တာဖြစ်ပါတယ်။



ကစားသမားရဲ့နာမည်ကိုတော့ အတိအလင်း ဖော်ပြထားခြင်းမရှိဘဲ တန်ဟက်ခ်ဟာ အစပိုင်းမှာ ဒီကစားသမားကို သြစတြေးလျမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲတပွဲမှာ ထည့်သွင်းအသုံးပြုဖို့ စီစဥ်ထားတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ဒီကစားသမားက အခုလိုမျိုးပဲ ဒုတိယအကြိမ်အထိ နောက်ကျခဲ့တာကြောင့် တန်ဟက်ခ်က အပြစ်ပေးတဲ့အနေနဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တန်ဟက်ခ်ဟာ ယူနိုက်တက်ကို စတင်ကိုင်တွယ်တည်းက ကစားသမားတွေရဲ့ စည်းကမ်းပိုင်း၊ စုစည်းမှုပိုင်းနဲ့ နေထိုင်စားသောက်မှုအပိုင်းတို့အတွက် တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဒီစည်းကမ်းတွေနဲ့ ပတ်သက်လာရင် အသင်းရဲ့ဘယ်ကစားသမားကိုမဆို မျက်နှာသာပေးသွားတာမျိုး ရှိမှာမဟုတ်ဘူးလို့လည်း တန်ဟက်ခ်က အသိပေးထားပါတယ်။

ဒါ့အပြင် အသင်းလူစာရင်းကနေ ဖယ်ရှားတဲ့အထိ ပြစ်ဒဏ်ပေးသွားမယ်လို့လည်း သတ်မှတ်ထားပြီး အခုလိုမျိုး အသင်းလူစာရင်းကနေ ချန်လှပ်ခံရတဲ့ ယူနိုက်တက်ကြယ်ပွင့်က တန်ဟက်ခ်လက်ထက်မှာ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးခံရတဲ့ ပထမဆုံး ကစားသမားဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းခရီးစဥ်အဖြစ် ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့မှာ ခြေစမ်းပွဲတွေသွားရောက်ကစားခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီသစ်မစတင်ခင်မှာ ခြေစမ်းပွဲနှစ်ပွဲသာ ကစားဖို့ ကျန်ရှိပါတော့တယ်။ တပွဲကတော့ အော်စလိုမြို့မှာ အက်သလက်တီကိုနဲ့ ကစားရမှာဖြစ်ပြီး နောက်ဆုံးပွဲအနေနဲ့ ဗယ်လက်ကာနိုနဲ့ အိုးထရက်ဖို့ဒ်မှာ ကစားရမှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က