တော့ဒ်ဘိုလီက ကစားသမားခေါ်ယူမှုတွေကို ဦးဆောင်လှုပ်ရှားနေတာပါ။

ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလီရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ တော့ဒ်ဘိုလီဟာ လက်ရှိနွေရာသီမှာ အသင်းကို အေဘရာမိုဗစ်ချ်ထံကနေ လွှဲပြောင်းရယူပြီးနောက် သူ့ကိုယ်သူ အားကစားဒါရိုက်တာအဖြစ် အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ပါဝင်လှုပ်ရှားနေတာပါ။



ချဲလ်ဆီးဟာ အားကစားဒါရိုက်တာ မာရီနာ၊ ပီတာဆက်ချ်နဲ့ ဘရုစ်ဘက်ခ်တို့ကို ဆုံးရှုံးလိုက်ရပြီး အမေရိကန်သူဌေးတော့ဒ်ဘိုလီကလည်း လက်ရှိနွေရာသီမှာ စတာလင်နဲ့ကူလီဘလီတို့ကိုသာ အသင်းအတွက် အဓိကအသုံးဝင်မယ့် ကစားသမားတွေအဖြစ် ခေါ်ယူထားနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း နဗီးလ်က “ဒီအမေရိကန်ဘဲ (တော့ဒ်ဘိုလီ) ကိုကြည့်ရတာ သူက ဘောလုံးမန်နေဂျာဂိမ်းကစားချင်နေပုံပဲဗျ”

“သူ့ကြည့်ရတာ တိုင်ပတ်ပြီး ထိတ်လန့်နေပုံပါပဲ။ တခုခုလုပ်တော့မယ်ဆိုလည်း ထခုန်မတတ်ဖြစ်နေတဲ့ပုံစံမျိုးပါ။ ဖရန်ကီဒီဂျောင်အတွက်လည်း မနက်ရောက်မလား၊ နေ့လယ်ရောက်မလားဖြစ်ခဲ့ပြီး ဒီလိုဖြစ်ရတာကလည်း သူ့အနေနဲ့ တခုခုလုပ်ရတော့မှာမို့လို့ရယ်၊ ဖိအားတွေများလာတာကြောင့်ရယ်ပါ။ သူသာ လူဟောင်းတွေနဲ့ နောက်ထပ်တနှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ဆက်ပြီး လည်ပတ်လိုက်ဦးမယ်ဆိုရင်တော့ သူအခုလောက် ဖိအားရှိမှာ မဟုတ်ပါဘူး”

“ဒါပေမယ့် လာမယ့်ရာသီက ချဲလ်ဆီးအတွက် စိတ်ဝင်စားစရာကောင်းတဲ့ရာသီတခုဖြစ်လာပါလိမ့်မယ်။ ကျနော် သူ့နာမည်ကိုလည်း တချိန်လုံးကြားနေရတယ်ဗျာ။ ကျနော် သူ့ကို မလေးမစားပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက အားကစားလည်ပတ်မှုအားလုံးကို ဖယ်ရှားပြီး သူကိုယ်တိုင်ရှေ့ရောက်လာပါတယ်။ ကျနော့်အတွက် သူက အက်ဝုဒ်ဝက် (ယူနိုက်တက်အမှုဆောင်ချုပ်ဟောင်း) နဲ့ အတူတူပါပဲ”

“အခု ချဲလ်ဆီးက အခြားအသင်းတွေဘာလုပ်လဲလိုက်ကြည့်တယ်၊ ဘယ်ကစားသမားကိုရနိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီး လှုပ်ရှားနေပါတယ်။ မန်စီးတီးတို့၊ လီဗာပူးတို့ကိုကြည့်လိုက်ပါ။ မန်စီးတီးအားကစားဒါရိုက်တာ ဘီဂီရီစတိန်းဆိုရင် အချို့တွေ သိတောင်သိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ လုပ်စရာရှိတာကို လျင်မြန်ပြီး ထိရောက်မှုရှိအောင် လုပ်ကြပါတယ်”

“အသင်းတွေက ကောင်းကောင်းလည်ပတ်နေတဲ့အခါမှာ ဘယ်သူက ကစားသမားတွေကို ခေါ်ယူတယ်ဆိုတာမျိုး မကြားရဘဲ ကစားသမားကိုခေါ်လိုက်ပြီဆိုတာမျိုးပဲ ကြားရမှာပါ။ အခု တော့ဒ်ဘိုလီက အက်ဝုဒ်ဝက်လိုမျိုး ငါက ဘယ်သူဘယ်ဝါပါဆိုပြီး ဘာစီလိုနာတို့၊ ယူနိုက်တက်တို့၊ မန်စီးတီးတို့ လိုက်နေတဲ့ ကစားသမားတွေကို လိုက်ပြီးချိတ်ဆက်နေပါတယ်” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က