မြန်မာငွေ ၁ သိန်းကနေ ၂ သိန်းခွဲဝန်းကျင်အတွင်း ဈေးနဲ့ဆို အရည်အသွေးမှီ စမတ်ဖုန်းသစ်တစ်လုံး ရဖို့ မလွယ်ပါဘူး။
ဘတ်ဂျက်ဈေးတန်းနဲ့ Quality ကောင်းဖုန်းတစ်လုံး ရှာနေတယ်ဆိုရင် itel ကို သတိရလိုက်ပါ။
Itel က ဘာလဲ?
itel က ခေတ်လိုအပ်ချက်အတိုင်း ဖြည့်ဆည်းနိုင်ပြီး အရည်အသွေးရှိတဲ့ စမတ်ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတစ်ခုပါ။ ပြည်တွင်းဈေးကွက်ထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့် itel ဟာ ၂၀၁၃ ခုနှစ်ကစပြီး နိုင်ငံပေါင်း ၅၀ ကျော်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးမှာ itel နဲ့ စီးပွားရေးမိတ်ဖက် ၆၀၀၀ ကျော် နဲ့ Dealer Shop ၂ သိန်းခွဲရှိပြီး ဆယ်စုနှစ်တစ်ခုစာ စမတ်ဖုန်းဈေးကွက်အတွေ့အကြုံတွေ ယူဆောင်နိုင်ခဲ့တဲ့ ကမ္ဘာ့အမှတ်တံဆိပ်အဖြစ် ရပ်တည်နေပါတယ်။
Itel ကို ဘယ်သူတွေ ပိုင်သလဲ?
Itel ဟာ Tecno ၊ Infinix စတဲ့ ထင်ရှားတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တွေ ထုတ်လုပ်နေတဲ့ Shenzhen အခြေစိုက် Transsion Holdings Group ပိုင် Brand သုံးခုထဲက တစ်ခုဖြစ်ပြီး ခေတ်ပေါ် စမတ်ဖုန်းတွေကို အသက်သာဆုံးနှုန်းထားနဲ့ ထုတ်လုပ်ရောင်းချတာကြောင့် ဖောက်သည်တွေ လက်ခံမှု ရရှိလာနေပါတယ်။ စမတ်ဖုန်းထုတ်လုပ်မှု စတင်ပြီး ၃ နှစ်ခန့်အကြာ ၂၀၁၆ ခုနှစ်မှာတော့ အာဖရိက နဲ့ အရှေ့တောင်အာရှတို့မှာ စမတ်ဖုန်းရောင်းအား ၅၅ သန်းနဲ့ ၂၀၁၇ ခုနှစ်မှာ ရောင်းအား ၇၇ သန်းအထိ တိုးတက်လာခဲ့ပါတယ်။
Global Market Data က ပြောပြတဲ့ itel အကြောင်း
၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ဈေးကွက်အချက်အလက်တွေအရဆို ဒေါ်လာ ၁၀၀ အောက်တန် စမတ်ဖုန်းအမှတ်တံဆိပ်တွေထဲမှာ itel ဟာ နံပါတ် ၁ အဖြစ် အောင်မြင်မှုတွေ ရခဲ့ပါတ ၂၀၂၁ Global Market Data အရ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်ရဲ့ ၇၅ ဒေါ်လာဝန်းကျင်တန် စမတ်ဖုန်းဈေးကွက်မှာ itel က နံပါတ် ၁ ချိတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဈေးကွက်ထဲကိုတော့ ၂၀၂၀ ပြည့်နှစ်မှာ စတင် ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ဈေးကွက်ဝင်ရောက်ချိန်မှာ COVID-19 ကပ်ဘေးနဲ့ တခြားအကြောင်းအရာတွေကြောင့် ဈေးကွက်ထိုးဖောက်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ပြည်တွင်းမှာ itel ရဲ့ ဘယ်မော်ဒယ်တွေ ဈေးကွက်ဝင်နေသလဲ
ပြည်တွင်းဈေးကွက်မှာ itel ထုတ် itel A57 ၊ itel A26 ၊ itel A49 ၊ itel Vision 3 ၊ itel Vision 3 Plus စတဲ့ ထုတ်ကုန်တွေကို မြန်မာငွေကျပ် ၁ သိန်းကနေ ၂ သိန်းခွဲဝန်းကျင်ဈေးနဲ့ လူတန်းစားမရွေး ဖုန်းကိုင်နိုင်အောင် ရောင်းချပေးနေပါတယ်။
ဘာကြောင့် itel ကို ရွေးချယ်သင့်သလဲ
itel အမှတ်တံဆိပ်စမတ်ဖုန်းတွေဟာ ဈေးသက်သာမှုအပြင် ကြီးမားတဲ့ Display ၊ ကြာရှည်အားခံတဲ့ ဘက်ထရီနဲ့ ခေတ်ပေါ်ဒီဇိုင်းတွေကြောင့် ဈေးကွက်မှာ လူကြိုက်များလာသလို ဝယ်ထားတဲ့ဖုန်းနဲ့ ပတ်သက်ပြီး After Sales Service ပိုင်းအတွက် မြန်ဆန်ကောင်းမွန်ပြီး တာဝန်ခံမှုပေးနိုင်ဖို့ မြန်မာပြည်အနှံ့ Service Center Point ၁၉ ခုအထိ ဖွင့်လှစ်ထားပါတယ်။
ကျပ် ၂ သိန်းခွဲအောက် အရည်အသွေးမှီ ခေတ်ပေါ်ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုရင် itel က ပြည်တွင်းဈေးကွက်မှာ ရွေးချယ်စရာအကောင်းဆုံး စမတ်ဖုန်းအမျိုးအစား ဖြစ်ပါတယ်။