လမ်းပတ်က မေဆင်မောင့်အတွက် အရေးကြီးတဲ့နည်းပြဖြစ်ခဲ့တာပါ။

အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ကတော့ နောက်နောက်ပြောင်ပြောင်နေတတ်တဲ့ ကစားသမားတယောက်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း အသင်းဖော် မေဆင်မောင့်ကို လမ်းပတ်နဲ့သားအဖတော်ကြောင်း သွားပြောခဲ့သေးတယ်လို့ သိရှိရပါတယ်။ မေဆင်မောင့်ကို စင်တင်ပေးခဲ့တဲ့နည်းပြက လမ်းပတ်ဖြစ်ခဲ့တာပါ။



လမ်းပတ်ဟာ ဒါဘီကိုကိုင်တွယ်ချိန်တည်းက မေဆင်မောင့်နဲ့ လက်တွဲခဲ့ပြီး ချဲလ်ဆီးကို ကိုင်တွယ်ခဲ့ချိန်မှာလည်း အဆိုပါအင်္ဂလန်ကြယ်ပွင့်က လမ်းပတ်ရဲ့ အဓိက,ကစားသမားဖြစ်ခဲ့ပါတယ်။ မေဆင်မောင့်ဟာ တကယ်တမ်းမှာလည်း ထူးချွန်တဲ့အရည်အသွေးရှိပြီး လက်ရှိနည်းပြတူဟယ်လ်လက်ထက်မှာလည်း အဓိက,ကစားသမားတယောက်အဖြစ် ဦးစားပေးခံထားရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အင်္ဂလန်လက်ရွေးစင်ရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ စကားပြောခန်းတခုမှာ ရမ်စ်ဒေးလ်က အခုလိုပဲ မေဆင်မောင့်ကို နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ FIFA Ultimate Team က ထွက်ပေါ်လာတဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးနေချိန်မှာ မေဆင်မောင့်က ဒါဘီအတွက် သူကစားနေချိန်က ကတ်ကို ပြသခဲ့ပါတယ်။


အဲ့ဒီကတ်မှာ မေဆင်မောင့်ရဲ့ Rating က (၇၄) ဖြစ်ပြီး ဒီအကြောင်းကို ပြောနေချိန်မှာ ရမ်စ်ဒေးလ်က “မင်းအဖေအတွက် ကစားပေးနေတဲ့အချိန်ပေါ့” လို့ ရုပ်တည်ကြီးနဲ့ ဝင်ပြောခဲ့တာပါ။ ဒါပေမယ့်လည်း မေဆင်မောင့်ကတော့ ဘာမှထူးထူးခြားခြား မတုံ့ပြန်ခဲ့ဘဲ “Yeah” တလုံးသာပြောပြီး ပြောစရာရှိတာကို ဆက်ပြောနေခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားတွေ ဒါမျိုးဖြစ်တာက ဒါနဲ့ဆို နှစ်ယောက်ရှိပြီလို့ဆိုရမှာပါ။ ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း ချဲလ်ဆီးနည်းပြ တူဟယ်လ်က တီဗီမှာပေါ်လာတဲ့ ကွန်တီကို လက်ညှိုးထိုးပြရင်း အဲ့ဒီအချိန်အသင်းမှာရှိနေသေးတဲ့ လူကာကူကို “ဟိုမှာ မင်းအဖေ” လို့ ပြောကြားခဲ့ဖူးပါသေးတယ်။ 

Share

Loading Next Article...
က္က