လီဗာပူးလ်နဲ့ပွဲမှာ ယူနိုက်တက်ခံစစ်အတွက် ခြေစွမ်းပြကစားခဲ့ကြပါတယ်။

လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် နောက်ခံကစားသမားတွေက ခြေစွမ်းပြကစားခဲ့ကြပါတယ်။ ဒီပွဲမှာ တန်ဟက်ဂ်ျက ဗာရန်းနဲ့ မာတီနက်ဇ်အတွဲကိုပွဲထုတ်ခဲ့ပြီး မာလာစီယာကိုလည်း ပွဲထွက်ခွင့်ပေးခဲ့ကာ ညာခံစစ်အစွန်မှာတော့ ဒါလော့ကိုပဲ အသုံးပြုခဲ့ပါတယ်။ အထူးသဖြင့်တော့ ယူနိုက်တက် ဗဟိုခံစစ်အတွဲနဲ့ ဘယ်ခြမ်းခံစစ်က လီဗာပူးလ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တာပါ။ 

မာတီနက်ဇ်ဟာ အသင်းဂိုးမပေးရဖို့အတွက် ပိတ်ဆို့ဟန့်တားမှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ဘယ်ကစားသမားထက်မဆို ပိုမိုများပြားခဲ့ပါတယ်။ ဗာရန်းကလည်း ရှင်းထုတ်မှု ၉ ကြိမ်အထိရှိခဲ့ကာ ဘယ်ကစားသမားထက်မဆို ပိုမိုလုပ်ပြနိုင်ခဲ့တဲ့ အရေအတွက်ဖြစ်ခဲ့တာပါ။ တန်ဟက်ဂျ်အတွက်တော့ ပြီးပြည့်စုံတဲ့ ဗဟိုခံစစ်အတွဲအဖက်ကို ရှာတွေ့ခဲ့ပြီလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

ဘယ်အစွန်ခံစစ်မှာလည်း မာလာစီယာက မိုဟာမက်ဆာလာနဲ့ အာနိုးလ်တို့ရဲ့ တိုက်စစ်ဆင်လာမှုတွေကို ဟန့်တားခဲ့ရတာပါ။ ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့တဲ့ ဒိကစားသမားက ထင်မှတ်မထားရလောက်အောင် ခြေစွမ်းပြခဲ့ပြီး တပွဲလုံးမှာ ဆာလာတယောက် သူ့အိတ်ကပ်ထဲရောက်ရှိနေခဲ့ကာ အာနိုးလ်လည်း ဘာမှလုပ်မရအောင်ကို ဖြစ်ခဲ့ရပါတယ်။ မာတီနက်ဇ်ကတော့ ဗာရန်း၊ မာလာစီယာတို့နဲ့ အတွဲအဖက်ညီအောင်ကစားနိုင်ခဲ့ပြီး ပရိသတ်အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ 

မာလာစီယာက ဘောလုံးထိချက် ၄၁ ကြိမ်၊ ဖျက်ထုတ်မှု ၈ ကြိမ်၊ ရှင်းထုတ်မှု ၃ကြိမ်၊ ဖြတ်တင်ဘော ၂ ကြိမ်၊ ကြားဖြတ်လုယူမှု ၁ ကြိမ်၊ ပေးပို့မှု ၉၃% တိကျမှန်ကန်ခဲ့ကာ long ball ကတော့ ရာနှုန်းပြည့်အောင်မြင်အောင် ပ​ေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့နိုင်ပွဲရရှိခဲ့အပြီးမှာ ဒီခံစစ်သမားတွေကို အားလုံးက ဝိုင်းချီးကျူးခဲ့ကြပါတယ်။ 

အထူးသဖြင့် ပုံမှန်ဗဟိုခံစစ်မှူးတဦးရဲ့ အရပ်အမောင်းထက် နိမ့်တဲ့ မာတီနက်ဇ်ရဲ့ ကစားဟန်ပါ။ အရပ်အမောင်းက ပြသနာမဟုတ်ဘူးဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ မာတီနက်ဇ်နဲ့ မာလာစီယာတို့ကတော့ ဒီရာသီမှာ တန်ဟက်ဂျ်ရောက်လာပြီးမှ ယူနိုက်တက်ဆီကို ခေါ်ယူခြင်းခံခဲ့ရတဲ့သူတွေလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က