အန်တိုနီကို နားလည်ကြောင်း ပြောကြားခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အေဂျက်စ်တောင်ပံကစားသမား အန်တိုနီ ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် စိတ်အားထက်သန်ခဲ့တဲ့အပေါ် သုံးသပ်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြောစကားက အခြားသောပရိသတ်တွေကို ဒေါသထွက်စေခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။



အန်တိုနီအတွက် အေဂျက်စ်က အပိုဆုကြေးအပါအဝင် ယူရိုသန်း (၁၀၀) နဲ့ ယူနိုက်တက်ထံ ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ တိကျခိုင်မာတဲ့သတင်းရင်းမြစ်တွေက ဆိုနေပါတယ်။ အန်တိုနီကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် အေဂျက်စ်မှာ လေ့ကျင့်ခန်းမဆင်း၊ ပွဲမကစားဘဲ ဆန္ဒပြခဲ့ပါတယ်။ ပေါလ်စခိုးလ်က “ခင်ဗျားတို့က အန်တိုနီ အေဂျက်စ်ကထွက်ပြီး ယူနိုက်တက်ကိုလာဖို့ မျှော်လင့်ကြပါတယ်”

“ဒါပေါ့။ မျှော်လင့်နိုင်ပါတယ်။ နည်းပြလည်း ယူနိုက်တက်ကိုလာတယ်၊ အရင်တည်းကလည်း ကစားသမားတွေ ယူနိုက်တက်ကိုလာခဲ့ပါတယ်။ ခင်ဗျားတို့ကတော့ ဒီနေ့ခေတ်မှာ ကစားသမားတွေက ပိုက်ဆံကို လျစ်လျူရှုသင့်တယ်လို့တွေးမှာပဲ။ ဒါပေမယ့် ကစားသမားတိုင်းအတွက် ပိုက်ဆံဆိုတာက ကိုးလို့ကန့်လန့်နိုင်တဲ့အရာပဲဗျ”


“အန်တိုနီက အရည်အချင်းရှိပြီး အခု သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက များပြားတယ်လို့ ခင်ဗျားတို့ ထင်နိုင်မှာပါ။ ဒါပေမယ့် ကျနော် ပြောသလိုပဲ ဒီနေ့ခေတ်က ရူးလောက်စရာပါ။ သူ့အတွက် ကျနော် နားလည်ခံစားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ယူနိုက်တက်လိုမျိုး ကမ္ဘာပေါ်က အကြီးမားဆုံးအသင်းတွေထဲက တသင်းကို လာချင်နေတာလေ”

“အေဂျက်စ်ကလည်း အသင်းကောင်းတသင်းပါ။ ကျနော့်ကို အထင်မလွဲကြပါနဲ့။ ဒါပေမယ့် ယူနိုက်တက်က သူ့ကို တကမ္ဘာလုံးက မြင်တွေ့စေမယ့် သင့်တော်တဲ့ အသင်းကောင်းတသင်းပါ။ နည်းပြကြိုက်တဲ့ အရည်အချင်းရှိပြီးသား ကစားသမားလည်းဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ အေဂျက်စ်ဟာ ဥရောပဖလား (၄) ကြိမ်ရရှိထားကြောင်း၊ လက်ရှိရာသီမှာလည်း ယူနိုက်တက်က ယူရိုပါလိဂ်သာဝင်ခွင့်ရချိန်မှာ အေဂျက်စ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားကြောင်း ပေါလ်စခိုးလ်ကို ပြန်လည်လှောင်ပြောင်ခဲ့ကြပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က