ကွင်းထဲဝင်လာတဲ့ ဇင်ချန်ကိုကို နဗီးလ်က ဝေဖန်ခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ် ဘယ်နောက်ခံလူ ဇင်ချန်ကိုရဲ့ အပြုအမူကို ဝေဖန်ပြောကြားလိုက်ပြန်ပါတယ်။ ဇင်ချန်ကိုဟာ နောက်ဆုံးကစားခဲ့တဲ့ ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲကို ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။



ဒါပေမယ့် အာဆင်နယ်တို့ အဲ့ဒီပွဲမှာ ဂါဘရီရယ်ရဲ့ နောက်ကျဂိုးရရှိချိန်မှာ ဇင်ချန်ကိုကလည်း အသင်းဖော်တွေနဲ့အတူ ကွင်းထဲဝင်ရောက် အောင်ပွဲခံခဲ့ပြီး ဒီအပြုအမူအပေါ်မှာ နဗီးလ်က ဝေဖန်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဇင်ချန်ကိုဟာ အာဆင်နယ်ရဲ့ လေ့ကျင့်ရေးကွင်းဂျာစီအမဲကို ဝတ်ဆင်ထားပြီး ကွင်းလုံခြုံရေးကတောင် သူ့ကို လူမှားဆွဲထုတ်မိမလို ဖြစ်ခဲ့သေးတာပါ။

ဂယ်ရီနဗီးလ်က “ကွင်းထဲကိုဝင်ချလာရအောင် တော်တော်လေးကို ခက်ခဲနေတဲ့ အခြေအနေ အခိုက်အတန့်မို့လို့လားဗျ။ ကျနော် ဇင်ချန်ကို ကစားတာကိုကြည့်ဖူးပါတယ်။ ဒါပေမယ့် သူက အသင်းရဲ့ ခေါင်းဆောင်တယောက် မဟုတ်ပါဘူး။ ကျနော် သူ့ကို တော်တော်လေး ချစ်ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာတော့ သူက ခေါင်းဆောင်တယောက်မဖြစ်သေးပါဘူး”

“အသင်းရဲ့ ခက်ခဲတဲ့အခိုက်အတန့်တွေရောက်ရင်ရော ဇင်ချန်ကိုက အသင်းကို ဆွဲတင်နိုင်မှားလား။ သူလုပ်နိုင်မှာပါဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဇင်ချန်ကိုဟာ လက်ရှိနွေရာသီမှ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဇင်ချန်ကိုဟာ အာတီတာ မန်စီးတီးနည်းပြ လက်ထောက်လုပ်ခဲ့တုန်းက အာတီတာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။

ဒီရာသီ အာဆင်နယ်ရဲ့ ရာသီအဖွင့် (၃) ပွဲဆက်တိုက်မှာလည်း ဇင်ချန်ကိုက ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဒဏ်ရာပြဿနာသာ ကင်းစင်နေမယ်ဆိုရင် ဇင်ချန်ကိုက ဒီရာသီတလျှောက်လုံး အာဆင်နယ်ရဲ့ ဘယ်ခြမ်းခံစစ်မှာ ပုံမှန်ပွဲထွက်ခွင့်တနေရာ ရရှိဖို့က သေချာနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က