နေရာယူပုံမှားခဲ့တယ်လို့ ဝေဖန်ခံနေရတာပါ။

အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ပေးလိုက်တဲ့ အန်တိုနီရဲ့အဖွင့်ဂိုးအတွက် သူ့ရဲ့ လေ့လာဆန်းစစ်မှုပိုင်းအပေါ် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ ယူနိုက်တက်ကစားသမားသစ် အန်တိုနီက ရပ်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကတဆင့် ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။




ဒီဂိုးမှာ ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ အဆင့်ဆင့်ခင်းပေးလာတဲ့ ဘောလုံးကို အန်တိုနီက ရမ်စ်ဒေးလ်နဲ့ တယောက်ချင်းတွေ့တဲ့ အနေအထားမျိုးကနေ ဘယ်ခြေနဲ့အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာပါ။ အန်တိုနီဟာ ညာခြမ်းကနေ ရမ်စ်ဒေးလ်နဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပြီး ရမ်စ်ဒေးလ်ကတော့ ထောင့်ကျဥ်းကို ဦးစားပေးပိတ်ဖို့ ကြိုးစားခဲ့တာကြောင့်လည်း အခုလိုမျိုး အန်တိုနီရဲ့ဂိုးက လွယ်ကူခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေက ယူဆနေပါတယ်။



ပုံမှန်အားဖြင့် ဒီနေရာမှာ ညာသန်ကစားသမားတယောက်ဆိုရင် ရမ်စ်ဒေးလ် ပိတ်ထားတဲ့ ထောင့်ကျဥ်းထဲကိုသာ ကန်သွင်းဖို့ ပိုမိုအခွင့်အရေးများပေမယ့် အန်တိုနီကတော့ ဘယ်သန်တယောက်ဖြစ်တာ၊ ဘယ်ညာစိတ်ကြိုက်ရွေးခွင့်ရတာတို့ကြောင့် အခုလိုပဲ ဂိုးသွင်းနိုင်ခဲ့တယ်လို့ဆိုနေကြပါတယ်။ ပရိသတ်အများစုကတော့ ရမ်စ်ဒေးလ်ဟာ အန်တိုနီကို ဘယ်သန်လား၊ ညာသန်လား ကြိုတင်မသိရှိခဲ့ဘူးလို့လည်း ဝေဖန်နေကြတာပါ။

အာဆင်နယ်ပရိသတ်တွေက “ရမ်စ်ဒေးလ်ကိုကြည့်ကြပါဦး၊ သူက အန်သိုနီကို ညာသန်ထင်နေခဲ့တာ” “ဒီကောင် ဘာမှကြိုတင်မလေ့လာခဲ့ဘူး” “တကယ်ဆို ရမ်စ်ဒေးလ်က ညာဘက်ကိုပဲ ဒိုင်ဗင်ထိုးကာကွယ်ရမှာပါ” “ရမ်စ်ဒေးလ်က အန်တိုနီကို ပိုမိုလွယ်ကူအောင် လုပ်ပေးခဲ့ပတယ်။ ဘောလုံးက ဘယ်လောက်ဝေးတယ်ဆိုတာကိုကြည့်ပြီး သူက ဂိုးပေါက်အလယ်ကို တတ်နိုင်သလောက် နေရာယူရမှာပါ။ ဒါပေမယ့် အခုတော့ ဂိုးပေးခဲ့ရပါတယ်” လို့ အမျိုးမျိုး မှတ်ချက်ပြုဝေဖန်နေကြပါတယ်။


အာဆင်နယ်ဟာ တိုက်စစ်ကစားသမား ဆာကာက ဒုတိယပိုင်းမှာ အန်တိုနီရဲ့ ချေပဂိုးကို ချေပနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်တိုက်စစ်ပိုင်းက ခြေစွမ်းပြမှုနဲ့အတူ ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနှစ်ဂိုးကို အာဆင်နယ်တို့ ထပ်မံခွင့်ပြုလိုက်ရပြီး ပွဲအပြီးမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ကာ ဒီရာသီ ပထမဆုံးရှုံးပွဲနဲ့ အာဆင်နယ်တို့ ရင်ဆိုင်လိုက်ရပါတယ်။ 

Share

Loading Next Article...
က္က