အူဘာမီးယန်းဝင်ကစားမယ့်အကြောင်းပါ ပြောသွားခဲ့တာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က မီဒီယာတွေအနေနဲ့ အူဘာမီးယန်းကို အောင်ပွဲခံနည်းတွေ သွားမပေးဖို့ ပြောကြားခဲ့ပြီး အူဘာမီးယန်းဆီမှာ ကိုယ်ပိုင်အောင်ပွဲခံဟန်တခုကို ပြင်ဆင်ထားမှာ သေချာကြောင်း ပြောကြားခဲ့ပါတယ်။ အူဘာမီးယန်းဟာ စပိန်မှာရှိတုန်းက ဓားပြအုပ်စုရဲ့ အကြမ်းဖက်ရိုက်နှက်ခြင်းကို ခံခဲ့ရတာကြောင့် မေးရိုးကျိုးခဲ့ရပြီး ချဲလ်ဆီးအတွက် မျက်နှာအကာအကွယ်ကို ဝတ်ဆင်ကာ လေ့ကျင့်ခန်းဆင်းလျက်ရှိပါတယ်။



ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ပွဲအဖြစ် အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အူဘာမီးယန်းက ချဲလ်ဆီးကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားမှာပါ။ ဒီအပေါ်မှာ တူဟယ်လ်က အူဘာမီးယန်းဂိုးသွင်းအပြီး အောင်ပွဲခံမယ့်ပုံစံနဲ့ပတ်သက်လို့ “ကျေးဇူးပြုပြီးတော့ ခင်ဗျားတို့ အူဘာမီးယန်းရဲ့ ခေါင်းထဲကို ဘာစိတ်ကူးစိတ်သန်းမှ သွားရိုက်မသွင်းကြပါနဲ့။ ဘာအိုင်ဒီယာမှကို သွားမပေးပါနဲ့ဗျာ”

“သူ့ဆီမှာ သူ့စိတ်ကူးနဲ့သူရှိပြီးသားဆိုတာ ကျနော် သေချာပေါက်သိထားပါတယ်။ သူ ဂိုးသွင်းရင် အောင်ပွဲခံမှာပေါ့ဗျာ။ ဒါပေမယ့် အရင်ဆုံး ဂိုးသွင်းဖို့ လိုအပ်ပါတယ်။ သူက အရမ်းကို ရည်မှန်းချက်ကြီးပြီး ဒီအပေါ်မှာလည်း အပြည့်အဝ အာရုံစိုက်ထားပါတယ်။ သူက ကျနော်တို့အတွက် ကစားပေးဖို့ စိတ်ဆန္ဒပြင်းပြနေပြီး ဒါကိုလည်း သက်သေပြပြီးပါပြီ။ အဲ့ဒီအတွက်လည်း သူ ဒီရောက်နေတာပါ”

“သေချာတာတော့ သူ မိနစ် (၉၀) အပြည့် မကစားနိုင်သေးပါဘူး။ သူ့ကို ဘယ်လောက်ပေးကစားမယ်ဆိုတာတော့ ကျနော်တို့ ဆုံးဖြတ်မှာပါ။ သူ့ရဲ့ ကြံ့ခိုင်မှုအပြည့်ရဖို့၊ ရစ်သမ်မှန်လာဖို့ ပွဲကစားခွင့် လိုအပ်ပါတယ်။ ပွဲထွက်ခွင့်ပေးမလား၊ ဒါမှမဟုတ် အရံခုံကနေပဲ ဝင်ကစားခွင့်ရမလား ကျနော်တို့ စဥ်းစားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

အူဘာမီးယန်းဟာ အရင်ကလည်း ဂိုးသွင်းပြီးတဲ့နောက် စူပါဟီးရိုးတွေရဲ့ ခေါင်းစွပ်တွေကို ဝတ်ဆင်ပြီး အောင်ပွဲခံလေ့ရှိပါတယ်။ ဒါ့အပြင် ဒါမျိုးပြုလုပ်တာက သူ့ကလေးတွေ ပျော်ရွှင်စေဖို့အတွက်လည်း ဖြစ်ကြောင်း အူဘာမီးယန်းက ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က