ပရိသတ်နဲ့ အဆက်အသွယ်လုံးဝပြတ်တောက်နေတဲ့အတွက် စိတ်မကောင်းဖြစ်နေပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်က ကျန်းမာရေးအခြေအနေအပြင် တခြားသော အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေကို ဆက်လုပ်လို့ မရတော့တဲ့အထိ ဖြစ်နေရကြောင်း ဖေ့ဘွတ်စာမျက်နှာထက်ကနေ စက်တင်ဘာ ၁၄ရက်ညက ရင်ဖွင့်လာပါတယ်။

Photo-Thet Mon Myint FB

၂၀၁၁ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါဆိုး ဝင်ရောက်လာချိန်စလို့ တိုင်းပြည်မငြိမ်မသက်ဖြစ်နေရတဲ့ လက်ရှိအချိန်အထိ အနုပညာအလုပ်တွေကို လုံးဝရပ်နားထားရတာကြောင့် အနုပညာသမားအများစုက အပြင်စီးပွားရေး ဒါမှမဟုတ် အလုပ်မလုပ်ရဘဲ အိမ်မှာပဲ အချိန်ကုန်နေရသူတွေတောင်ရှိနေပါတယ်။ အဲဒီထဲမှာမှ သရုပ်ဆောင်သက်မွန်မြင့်လည်း အပါအဝင်ဖြစ်တဲ့အပြင် သူမဟာ SLE Lupus လို့ခေါ်တဲ့ အရေပြားလေးဖက်နာလည်း ခံစားနေရသူပါ။

Photo-Thet Mon Myint FB

"ကျွန်မတွေးခဲ့တာ အသက် ၄၀ လောက်ဆို နားမယ်ပေါ့.. နားမယ်ဆိုတာ အသက်မွေးဝမ်းကျောင်း အနေနဲ့ နားမယ်ပြောတာပါ.. လုံးဝ မစွန့်လွှတ်နိုင်တာမို့ တချို့ အရမ်း သဘောကျတဲ့ ဇာတ်တို့၊ ရိုက်သင့်တဲ့ ဇာတ်တို့လောက်ပဲ ရိုက်ပြီး ကလေးတွေကို အချိန်ပေးမယ် ပျိုးထောင်မယ်။ ကိုယ်ဝါသနာပါတာလေးတွေ လုပ်ရင်း ဘာသာရေးလေးလုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းတော့မယ်ပေါ့… ခုတော့ နားရတာမှ ဆက်လုပ်လို့ကို မရတော့တာ… ပထမ ကိုဗစ်၊ ဒုတိယ ကိုယ့် SLE Lupus ရောဂါ၊ တတိယ တိုင်းပြည်ခြေအနေ နားရတာမှလေ ……တကယ်ပါပဲ၊ ကိုယ်နားချင်တာ ဒီလိုမျိုးမဟုတ်ဘူး။ ပရိတ်သတ်တွေနဲ့ပါ အဆက်သွယ်ပြတ်နေရပြီ"ဆိုပြီးသူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ 

Photo-Thet Mon Myint FB

အရပ်မြင့်မြင့် ချစ်စဖွယ်မျက်နှာလေးအပြင် သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အကယ်ဒမီ သက်မွန်မြင့်က ပရိသတ်အခိုင်အမာနဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေသူဖြစ်ပြီး ယခုအရွယ်အထိလည်း ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားဆဲပါ။ အသက် ၄၀ လို့ မထင်ရအောင်လည်း နုပျိုလှပနေဆဲလည်း ဖြစ်ပါတယ်။

Photo-Thet Mon Myint FB

သက်မွန်မြင့်ဟာ ဆိုရှယ်မီဒီယာကိုလည်း အရင်ထက် အသုံးပြုမှု နည်းပါးနေတာ တွေ့ရပြီး ယခုနောက်ပိုင်းမှာ တစ်လမှာ ပို့စ်တစ်ခုတောင် တင်လေ့မရှိပါဘူး။ ဝီကီပီးဒီးယားမှာ ဖော်ပြထားတဲ့ အချက်အလက်အရ သူမဟာ ဇူလိုင်လ ၂၃ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့ပြီဖြစ်ပြီး ယခုမှ ဆိုရှယ်မီဒီယာကနေ သူမရဲ့ခံစားချက်နဲ့ ‌ရောဂါဝေဒနာကို ရင်ဖွင့်လာတာ ဖြစ်ပါတယ်။ သားသမီးနှစ်ဦးနဲ့အတူ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်ရေးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် သက်မွန်မြင့်ဟာ အနုပညာအလုပ်တွေကိုလည်း လုံးဝရပ်နားထားပြီး သူမရဲ့မိသားစုနဲ့သာ အချိန်ကုန်နေတတ်သူပါ။

Photo-Thet Mon Myint FB

သရုပ်ဆောင် သက်မွန်မြင့်နဲ့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်တို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာပွဲကျင်းပပြီး ထိမ်းမြားခဲ့ကြပါတယ်။ အခုဆိုရင်တော့ သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းမေ ဆိုတဲ့ ချစ်စဖွယ် ကလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါပြီ။ အိမ်ထောင်သက် ၈ နှစ်အတွင်းမှာ သာယာအေးချမ်းတဲ့ မိသားစုဘဝကို တည်ထောင်ထားနိုင်လို့ ပရိသတ်အားကျရတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က