နူးနက်ဇ်ကို လှောင်ပြောင်နေကြတာပါ။

လီဗာပူးရဲ့ ဗဟိုတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်တယောက် ဥရုဂွေးနဲ့အတူ လေ့ကျင့်ခန်းဆင်းရင်း ကန်ပြလိုက်တဲ့ ကန်ချက်တကြိမ်က တော်တော်လေးကို ဆိုးရွားခဲ့ပြီး ဒီဗီဒီယိုက ပရိသတ်တွေအကြားမှာ တော်တော်လေး ရေပန်းစားနေခဲ့ပါတယ်။ နူးနက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဘင်ဖီကာကနေ လီဗာပူးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။



ဒီကစားသမားက ရာသီကြိုပွဲတွေမှာ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ပြီး လိုက်ပ်ဇစ်နဲ့ပွဲမှာတော့ ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ကွန်မြူနတီဒိုင်းပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အခုချိန်ထိ တဂိုးသာ သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ပြိုင်ဘက်နောက်ခံလူကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ထိ၊ ပွဲပယ်ခံရကာ အသင်းအတွက်လည်း အခက်တွေ့ခဲ့ရပါတယ်။

အခု ပျံ့နှံ့နေတဲ့ ဗီဒီယိုအရ နူးနက်ဇ်ဟာ ဥရုဂွေးနဲ့အတူ လေ့ကျင့်ခန်းဆင်းတဲ့နေရာမှာ ဂိုးပေါက်ကို ဆိုးဆိုးရွားရွား လွဲချော်အောင် ကန်သွင်းခဲ့တာပါ။ အသင်းဖော်ဆီက ဘောလုံးကို လုယူနိုင်တဲ့နောက် နူးနက်ဇ်က ဧရိယာထဲ ဆွဲဝင်သွားခဲ့ပြီး ကန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ကန်တဲ့နေရာမှာ နူးနက်ဇ်ရဲ့ရည်ရွယ်ချက်က ဂိုးပေါက်ထဲ ကန်ပေးတာလား၊ ရှေ့ကို ကန်တင်ပေးတာလား မသဲမကွဲဖြစ်ရတဲ့အထိ ဆိုးရွားခဲ့တာပါ။



မြင်ရသလောက်တော့ သူ့ရဲ့အသင်းဖော်ဆီ ကန်တင်ပေးခဲ့တာဖြစ်နိုင်ပြီး ဒီလို ကန်တင်ပေးတာကလည်း လိုရာမရောက်ဘဲ အများကြီး ကျော်ထွက်သွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ “ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ဘူးကွာ” “နူးနက်ဇ်က ဘာလုပ်ချင်နေတာလဲ” “ဘင်ဖီကာက လီဗာပူးကို ဘယ်လိုများ ဒီလောက်တောင် လှည့်စားလိုက်တာလဲ” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတကာရက်သတ္တပတ်ကြောင့် နူးနက်ဇ်က ဥရုဂွေးလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေတာဖြစ်ပါတယ်။ ဥရုဂွေးဟာ လာမယ့်တပတ်အတွင်း အီရန်၊ ကနေဒါတို့နဲ့ ခြေစမ်းပွဲတွေ အသီးသီး ကစားသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက် နူးနက်ဇ်က အောက်တိုဘာ (၁) မှာ ဘရိုက်တန်နဲ့ ကစားမယ့်ပွဲအတွက် လီဗာပူးနဲ့ ပြန်လည်ပူးပေါင်းရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က