အချို့ကစားသမားတွေက အသင်းပြတိုက်ကို မရောက်ဖူးကြပါဘူး။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေအနေနဲ့ ယူနိုက်တက်သမိုင်းကြောင်းကို ကောင်းကောင်းမသိရှိတဲ့အပေါ် ဒေါသထွက်နေပြီး အသင်းရဲ့ပြတိုက်ကို သွားရောက်လေ့လာဖို့ တိုက်တွန်းနေတယ်လို့ သိရှိရပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ ကစားသမားအချို့ဟာ အသင်းရဲ့ပြတိုက်ကို တခါမှမရောက်ဖူးဘူးလို့ သိရှိရပါတယ်။



ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို ၆-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲအပြီးမှာ ဖြစ်ပွားခဲ့ပြီး တန်ဟက်ခ်ရဲ့ နည်းပြအဖွဲ့ဝင်အချို့ကလည်း ကစားသမားတွေနည်းတူ ယူနိုက်တက်ရဲ့ သမိုင်းကြောင်းနဲ့ အသင်းဒီအင်န်အေတွေအကြောင်းကို မသိရှိခဲ့ကြပါဘူး။ အတွင်းသတင်းရင်းမြစ်က “မန်စီးတီးနဲ့ပွဲက စွမ်းဆောင်ရည်အပေါ် တန်ဟက်ခ်က ပေါက်ကွဲနေပါတယ်”

“ယူနိုက်တက်ကို ကိုယ်စားပြုတဲ့ ဘယ်သူမဆို ဒီလိုမျိုး ဆိုးဆိုးရွားရွား ရှုံးနိမ့်လို့မရဘူးဆိုတဲ့အကြောင်းလည်း တန်ဟက်ခ်က ပြောခဲ့ပါတယ်။ ‘မင်းတို့ ယူနိုက်တက်အတွက် ကစားနေတာဆိုရင် ဒီအသင်းရဲ့အဓိပ္ပာယ်၊ ဒီအသင်းရဲ့ သမိုင်းကြောင်းကိုသိလား’ ဆိုပြီး တန်ဟက်ခ်က မေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အခြားသော သတင်းရင်းမြစ်ကလည်း “အသင်းနဲ့ပတ်သက်လို့ ဘာတွေသိလဲဆိုပြီး တန်ဟက်ခ်က ကစားသမားတွေကို မေးပါတယ်”

“ဒါပေမယ့် အချို့ကစားသမားတွေက အသင်းပြတိုက်ကို မရောက်ဖူးကြဘဲ ဖြတ်လျှောက်ရုံလောက်ပဲ ရောက်ဖူးပါတယ်။ တန်ဟက်ခ် တော်တော်အံ့အားသင့်သွားပါတယ်။ တန်ဟက်ခ်က ပြီးခဲ့တဲ့နွေမှာ အသင်းကို ရောက်လာပြီးနောက်ပိုင်း အသင်းပြတိုက်ကို နှစ်ခါသွားခဲ့ပြီးပါပြီ။ တန်ဟက်ခ်က ကစားသမားအားလုံးကို အသင်းပြတိုက် ဖွင့်တဲ့အချိန် မရောက်ခင် ဒါမှမဟုတ် ပိတ်ပြီးသွားချိန်မှာ သွားရောက်ဖို့ တိုက်တွန်းထားပါတယ်”

“ဒါမှပဲ သူတို့အနေနဲ့ ယူနိုက်တက်ကို ကိုယ်စားပြုရတဲ့ အဓိပ္ပာယ်ကို သိနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ပွဲအပြီး ကြားရက်မှာ ကစားခဲ့တဲ့ အိုမိုနီးယားနဲ့ ယူရိုပါလိဂ်ပွဲမှာတော့ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီကနေ့ညမှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဥ်အဖြစ် အဲဗာတန်နဲ့ သွားရောက်ရင်ဆိုင်ရမှာပါ။ 

Share

Loading Next Article...
က္က