သူ့ရဲ့သွင်းဂိုးထက် အလွဲလွဲအမှားမှားတွေက ပြောစရာပိုဖြစ်နေတာပါ။

လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်တယောက် မနေ့ညက အေဂျက်စ်နဲ့ပွဲမှာ အသင်းအတွက် တဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန်အတွင်း သူ့ရဲ့ အခြားသော အဖြစ်အပျက်တွေက ပရိသတ်တွေအတွက် ဝေဖန်ချင်စရာကောင်းနေခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးက ဆာလာ၊ နူးနက်ဇ်၊ အီလီယော့တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ယူပြီး နောက်တဆင့်ကို နာပိုလီနဲ့အတူတူ တက်ရောက်ခဲ့ပါတယ်။



ဒါပေမယ့် ဒီပွဲရဲ့ ပထမပိုင်းမှာ နူးနက်ဇ်က ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို (၅) ကိုက်အကွာကနေ အဆုံးသတ်ခွင့်ရရှိခဲ့ပေမယ့် ဂိုးတိုင်ထိထွက်သွားခဲ့ပြီး အံ့အားသင့်စရာ လွဲချော်မှုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာပဲ နူးနက်ဇ်တယောက် ဟန်ဆောင်လဲချတဲ့ ပုံစံမျိုး ထပ်မံပြုလုပ်ခဲ့ပြီး ဒါကလည်း မပီမပြင်တာကြောင့် ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။


နူးနက်ဇ်ဟာ ပြိုင်ဘက် အေဂျက်စ်နောက်ခံလူ ဘက်ဆီနဲ့ ဘောလုံးယှဥ်လုရင်း ဘက်ဆီရဲ့ တံတောင်က သူ့ရဲ့ မေးစေ့ကို ရိုက်မိခဲ့တာပါ။ နူးနက်ဇ်ဟာ ဒီလိုမျိုး ထိထိမိချင်းမှာ ချက်ချင်းမလဲကျသွားခဲ့ဘဲ စက္ကန့်အနည်းငယ်ကြာမှသာ သူ့ရဲ့မျက်နှာကို ကိုင်ပြီး လှဲချခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နူးနက်ဇ်တယောက် ထိခိုက်မိခဲ့တာမှန်ပေမယ့် သူ့ရဲ့ လုပ်ရပ်ကတော့ ပြောစရာဖြစ်နေခဲ့ပါတယ်။

ပရိသတ်တွေက “နူးနက်ဇ်က မလှဲချခင်မှာ အချိန်ယူ စဥ်းစားလိုက်တာက ဒီမြင်ကွင်းကို ပိုမိုဆိုးရွားစေခဲ့ပါတယ်” “နူးနက်ဇ်တယောက် နာကျင်ဟန်ဆောင်ဖို့ မေ့သွားခဲ့ပါတယ်” “ဒါက ဒီနေ့ခေတ် ဘောလုံးပွဲတွေရဲ့ ပုံရိပ်ဖြစ်လာပါတယ်။ ငါ ဒါကို တော်တော် စိတ်ကုန်နေပြီ” လို့ ဝေဖန်မှတ်ချက်ပြုခဲ့ပါတယ်။

နူးနက်ဇ်ဟာ ဒီပွဲမှာ အသင်းအတွက် ဒုတိယဂိုးကို ရော်ဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ လီဗာပူးအတွက် ပွဲထွက်ခွင့်ရတဲ့ နောက်ဆုံး (၄) ပွဲဆက်တိုက်မှာ (၄) ဂိုးမြောက် သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း လီဗာပူးနည်းပြ ကလော့ပ်က နူးနက်ဇ်ရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က