ဆက်ဆီဂနွန်ကို နင်းခဲ့မိတာပါ။

လီဗာပူးနောက်ခံလူ အာနိုးလ်ဟာ မနေ့ညက စပါးကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြိုင်ဘက်ကစားသမား ဆက်ဆီဂနွန်ကို နောက်ကနေ နင်းခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ အနီကတ်ပြစ်ဒဏ်ကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က ပထမပိုင်း (၁၈) မိနစ်တည်းက ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တခုပါ။



တကယ်လို့များ ဒီဖြစ်ရပ်မှာ အာနိုးလ်တယောက် အနီကတ်ထိခဲ့မယ်ဆိုရင် ပွဲရလဒ်ကိုပါ အပြောင်းအလဲဖြစ်သွားစေနိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်။ အာနိုးလ်ဟာ ပါရီဆစ်ဆီက ဘောလုံးလက်ခံရရှိလာတဲ့ ဆက်ဆီဂနွန်ကို လီဗာပူးရဲ့ဂိုးဧရိယာထဲမှာ ပခုံးချင်းယှဥ်တိုက်ဖို့ ကြိုးစားရင်း နောက်ကနေ တက်နင်းခဲ့မိတာဖြစ်ပါတယ်။


စပါးပရိသတ်တွေကတော့ ဒီဖြစ်ရပ်ကို သေချာပေါက် ပင်နယ်တီလို့ ယူဆခဲ့ကြပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့သလို VAR ကလည်း ပြန်လည်စစ်ဆေးခဲ့ပေမယ့် ကွင်းလယ်ဒိုင် အန်ဒီမက်ဒ်လေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ပွဲကို ဆက်ကစားစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ စနေညက ဖူလ်ဟမ်နဲ့ပွဲမှာ မန်စီးတီးနောက်ခံလူ ကန်ဆယ်လို အထုတ်ခံရတဲ့ဖြစ်ရပ်မျိုးနဲ့ အလားသဏ္ဍာန်တူဖြစ်ရပ်တခုပါ။

ကန်ဆယ်လိုကတော့ ဂိုးဧရိယာထဲမှာ ပြိုင်ဘက် တိုက်စစ်ကစားသမား ဟယ်ရီဝီလ်ဆင်ကို နောက်ကနေ တက်နင်းခဲ့မိတာကြောင့် တိုက်ရိုက်အနီကတ်ထိခဲ့ပြီး ပင်နယ်တီပေးခဲ့ရကာ ချေပဂိုးလည်း ပေးခဲ့ရပါတယ်။ ဒီလိုမျိုး ကန်ဆယ်လိုကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ပြီး ပင်နယ်တီပေးတာက ပြင်းထန်လွန်းတယ်လို့ ဝေဖန်နေချိန်မှာပဲ အာနိုးလ်ကပါ အလားတူလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့တာပါ။

အာနိုးလ်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဆက်ဆီဂနွန်ကို နင်းခဲ့ဟန်မရှိပေမယ့် ပရိသတ်တွေကတော့ ကန်ဆယ်လိုရဲ့ဖြစ်ရပ်နဲ့ နှိုင်းယှဥ်ပြီး ဝေဖန်နေကြပါတယ်။ လီဗာပူးဟာ စပါးကို အဝေးကွင်းမှာ ဆာလာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ၁-၂ ဂိုးနဲ့ အနိုင်ရရှိကာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲကို ရရှိသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က