တင်မ်ရှားဝုဒ်က တုံ့ပြန်လာခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့အတွက် စတုတ္ထဦးစားပေး အသင်းခေါင်းဆောင်သာဖြစ်တယ်လို့ ဗီလာကိုရှုံးခဲ့တဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်တို့ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရော်နယ်ဒိုကလည်း ဒီပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက် ကစားခဲ့တာဖြစ်ပါတယ်။



ရော်နယ်ဒိုကို အသင်းခေါင်းဆောင်ပေးရတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ တန်ဟက်ခ်က “ကျနော်တို့ရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းရားက အရန်ခုံမှာပါ။ ဒီဂီယာရှိပေမယ့် သူက ဂိုးသမားတယောက်ဖြစ်ပြီး ကွင်းအနေအထားနဲ့ ဝေးနေပါတယ်။ အဲ့ဒီနောက် ကက်စ်မဲရိုးက အသင်းခေါင်းဆောင်ပါ။ ဒါပေမယ့် သူက အင်္ဂလိပ်လို ကောင်းကောင်းမပြောနိုင်သေးပါဘူး”

“ဒီတော့ ရော်နယ်ဒိုက အသင်းခေါင်းဆောင်ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပုံမှန်အားဖြင့် ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်လက်ပတ် ပေးထားလေ့ရှိပြီး အဲ့ဒီပွဲမှာတော့ အဆိုပါ ပေါ်တူဂီကွင်းလယ်လူက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုမျိုး တန်ဟက်ခ်က ပြောကြားခဲ့တဲ့အပေါ်မှာတော့ တင်မ်ရှားဝုဒ်က စိတ်တိုင်းကျဟန်မရှိပါဘူး။

အဆိုပါ အင်္ဂလန်လူမျိုး ကွင်းလယ်လူဟောင်းက “တန်ဟက်ခ်က ဘာပြောချင်တာလဲ။ ရော်နယ်ဒိုကို ပဥ္စမဦးစားပေးလို့ကို ပြောချင်နေတာ။ ဟုတ်တယ်မဟုတ်လား။ သူ ရော်နယ်ဒိုကို အသင်းခေါင်းဆောင် လက်ပတ်ပေးပြီးမှ ဘာကြောင့် ဒီလောက်အထိ ရှင်းပြနေရတာလဲဆိုတာကို ကျနော် မသိပါဘူး။ ခင်ဗျားပါးစပ်ကို ပိတ်ထားစမ်းပါ တန်ဟက်ခ်” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

တန်ဟက်ခ်ဟာ ရော်နယ်ဒိုကို ပုံမှန်ပွဲထွက်ခွင့်လည်း ပေးလေ့မရှိဘဲ သူ့စိတ်ကြိုက်ကစားသမားတွေဖြစ်တဲ့ အန်တိုနီ၊ ရပ်ရှ်ဖို့ဒ်၊ မာစီရယ်လ်တို့ စုံစုံလင်လင် မကစားနိုင်မှသာ ရော်နယ်ဒိုကို ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ပေးလေ့ရှိပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်လည်း လက်ရှိ ယူနိုက်တက်မှာ သူ့ရဲ့အခြေအနေကို မပျော်မရွှင်ဖြစ်နေတာ သိသာထင်ရှားပြီး တန်ဟက်ခ်ကတော့ ပါးနပ်တဲ့နည်းလမ်းတွေကို အသုံးပြုနေတယ်လို့ ပရိသတ်တွေက သုံးသပ်နေပါတယ်။ 

Share

Loading Next Article...
က္က