သြစတြေးလျကွင်းလယ်ကစားသမား ကီယားနူ ဘက်ကက်စ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လီယွန်နယ် မက်ဆီနဲ့ ရင်ဆိုင်ကစားရတာက အံ့မခန်းအတွေ့အကြုံတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘက်ကက်စ်က အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ကွင်းထဲမှာ ဖယောင်းရုပ်တုတစ်ခုနဲ့ တူပြီး ဘောလုံးကွင်းထဲက ၎င်းရဲ့ အမြင်အာရုံတွေကို မယုံနိုင်အောင် ဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ သြစတြေးလျအသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး လက်မှာတော့ မက်ဆီရဲ့အသင်းဟာ နယ်သာလန်ကို ထပ်မံအနိုင်ယူပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဘက်ကက်စ်က ပီအက်စ်ဂျီကြယ်ပွင့်နဲ့ ကွင်းထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံကို ပြန်လည်ပြောကြားချိန်မှာ မက်ဆီဟာ စောင့်ကြည့်ရမယ့် ထူးခြားတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "သူက အမှန်တကယ်ကို ဘယ်လောက်အထိ ကောင်းမွန်လဲနဲ့ သူ ပွဲကို ဘယ်လိုပုံစံမျိုး ကြည့်တယ်၊ ပွဲကို မြင်ပြီး သူ့ဘာသာ ဖောက်ထွက်သွားတဲ့ ပုံစံက အံ့မခန်းပါပဲ။ အဲဒါက အရမ်းထူးခြားတယ်။ ဘာလို့လဲဆိုတော့ လူတော်တော်များများက အဲဒါကို မလုပ်နိုင်ကြလို့ပါ။ ကွင်းထဲက ဘယ်နေရာကမဆို ဘောလုံးကို လက်ခံရယူပြီး ယုံကြည်ချက်ရှိရှိနဲ့ လူတွေကို ရင်ဆိုင်တွေ့ပြီး ကစားခဲ့တယ်။ ကျွန်တော် သူ ဘယ်နားရောက်နေလဲဆိုတာကို မြင်ရဖို့ လှမ်းကြည့်ဖို့ ကြိုးစားခဲ့ပြီး အဲဒါတွေက သူ တစ်ချိန်လုံးလုပ်နေခဲ့တဲ့အရာတွေပါ"
"စောင့်ကြည့်ရမယ့် ထူးခြားတဲ့ကစားသမားပါ။ သူ့ပုံစံက ကွင်းထဲမှာ ပုံရိပ်ယောင်တစ်ခုလိုပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူက ဖယောင်းရုပ်တုနဲ့ နည်းနည်းတူတယ်။ ဒါပေမယ့် သူနဲ့ ရင်ဆိုင်ကစားရတာက အံ့အားသင့်စရာကောင်းခဲ့ပြီး ကျွန်တော် လေ့လာသင်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ခင်ဗျား ပွဲကို သေချာအာရုံစိုက်ကစားနေရတဲ့အချိန်မှာ အဲဒါက ခက်ခဲပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။