အာဂျင်တီးနားအသင်းဟာ ယနေ့ည ပြင်သစ်နဲ့ မော်ရိုတို့ထဲက အနိုင်ရရှိတဲ့ အသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ နောက်ထပ်တစ်ကြိမ် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးကြယ်ပွင့် လူးဝစ္စ ဆွာရက်ဇ်ဟာ အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးက အာဂျင်တီးနားကို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်အထိ ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဖော်ဟောင်းကို ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားလို့ ချီးကျူးခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အင်္ဂါနေ့ညက ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မက်ဆီ အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီးနောက် ယူလီယန် အဲဗရက်ဇ်က ၂ ဂိုး ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ အာဂျင်တီးနားအသင်းဟာ ယနေ့ည ပြင်သစ်နဲ့ မော်ရိုတို့ထဲက အနိုင်ရရှိတဲ့ အသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ နောက်ထပ်တစ်ကြိမ် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

၃၄ မိနစ်မှာ အာဂျင်တီးနားအသင်းအတွက် ပင်နယ်တီကနေတဆင့် အားပါပြင်းထန်တဲ့ ကန်ချက်နဲ့အတူ လီယွန်နယ် မက်ဆီက ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး တတိယမြောက်ဦးဆောင်ဂိုးမှာလည်း ညာတောင်ပံမှာ မယုံနိုင်ဖွယ် ဘောလုံးစွမ်းရည်အချို့ ပြသခဲ့ပြီးနောက်ပိုင်း ယူလီယန် အဲဗရက်ဇ်ကို ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ရဲ့ အင်္ဂါနေ့ည စွမ်းဆောင်ရည်ဟာ ချီးကျူးမှုတွေ အများအပြား ရရှိခဲ့တာဖြစ်ပြီး ၎င်းရဲ့ အသင်းဖော်ဟောင်း လူးဝစ္စ ဆွာရက်ဇ်ကလည်း အဲဒီထဲမှာ အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

"မင်းက ကမ္ဘာပေါ်က အကောင်းဆုံးဆိုတာကို ပြသနေရတာ မပင်ပန်းနိုင်ဘူး။ ဒီကောင်လေး ဘောလုံးကိုပေးနေတဲ့အရာကြောင့် အားလုံးက မတ်တပ်ထပြီး လက်ခုပ်တီးပေးရတယ်။ အထင်ကြီးဖို့ကောင်းလိုက်တာ သူငယ်ချင်းရေ"လို့ ဆွာရက်ဇ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ လက်ရှိမှာတော့ အာဂျင်တီးနားအတွက် သွင်းဂိုး ၅ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေနဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က