အသင်းဖော် ကန်သွင်းနိုင်မှာကိုယုံကြည်တာလား၊ စိတ်လှုပ်ရှားတာလားဆိုတာ မကွဲပြားခဲ့ပါဘူး။

ခရိုအေးရှားနဲ့ပွဲမှာ မက်ဆီ ပင်နယ်တီကန်သွင်းနေချိန်အတွင်း အာဂျင်တီးနားဂိုးသမား အီမီမာတီနက်ဇ်ဟာ သူ့အသင်းဖော်ရဲ့ ကန်သွင်းချက်ကို လုံး၀ကြည့်ရှုခဲ့ခြင်းမရှိဘူးလို့ talkSPORT က ဖော်ပြလိုက်ပါတယ်။ ဘတ်ပီကို အမီလိုက်ကာ ရွှေဖိနပ်ဆုအတွက် ဖိအားပေးဖို့လိုအပ်နေတဲ့ မက်ဆီက ပင်နယ်တီကို အပိုင်အနိုင်ကန်သွင်းယူပြီး အာဂျင်တီးနားအတွက် အဖွင့်ဂိုးရယူပေးခဲ့ပါတယ်။ 

မက်ဆီအတွက် ၅ ဂိုးမြောက်ဖြစ်ကာ ၃ ကြိမ်မြောက်ပင်နယ်တီလည်း ဖြစ်လာခဲ့ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ရွှေဖိနပ်ဆုအတွက်ပါ စိန်ခေါ်နေပြီဖြစ်ပါတယ်။ အာဂျင်တီးနားအတွက် နယ်သာလန်နဲ့ပွဲမှာ ပင်နယ်တီနှစ်လုံးဖမ်းပြီး လက်စွမ်းပြခဲ့တဲ့ မာတီနက်ဇ်ဟာ ပင်နယ်တီကို မက်ဆီသေချာပေါက်ဝင်မယ်လို့ ယုံကြည်ခဲ့တာလား၊ ဒါမှမဟုတ် ရင်ခုန်စိတ်လှုပ်ရှားတာလား ဝေခွဲမရခဲ့ဘဲ ကန်သွင်းချိန်မှာ လုံး၀မကြည့်ဘဲ ကျောခိုင်းနေခဲ့တာဖြစ်ပါတယ်။ 

မက်ဆီကန်သွင်းလို့ ဂိုးသွားချိန်မှာတော့ မာတီနက်ဇ်က ထခုန်အောင်ပွဲခံခဲ့ပါတယ်။ မာတီနက်ဇ်ကတော့ မက်ဆီရဲ့ အားကိုးယုံကြည်မှုကို ရရှိထားတဲ့ အသင်းဖော်တဦးဖြစ်ပြီး သူကိုယ်တိုင်ကလည်း မက်ဆီ ကမ္ဘာဖ့လားကို ကိုင်မြှောက်နိုင်အောင် အစွမ်းကုန်ကစားပေးသွားမယ်လို့ လူသိရှင်ကြားပြောဆိုထားသူဖြစ်ပါတယ်။ 

အာဂျင်တီးနားဟာ အယ်လ်ဗာရက်ဇ်ရဲ့ သွင်းဂိုး ၂ ဂိုးထပ်မံရရှိခဲ့ပြီး ခရိုအေးရှားကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး ပြင်သစ်-မော်ရိုကိုပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ မက်ဆီကတော့ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ဆုဖလားနဲ့အတူ နှုတ်ဆက်နိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က