အာဂျင်တီးနားအသင်းဟာ ဒက်စ်ချမ့်ရဲ့ အသင်းအတွက် ပိုမို ခက်ခဲတဲ့ စမ်းသပ်မှု ဖြစ်လာတော့မယ်လို့ မျှော်မှန်းခြင်းခံနေရတာပါ။

ပြင်သစ်နည်းပြ ဒက်စ်ချမ့်က တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားကို ရပ်တန့်မယ့် အစီအစဉ်ကို မျှဝေခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဆီမီးဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး သီယို ဟာနန်ဒက်ဇ်နဲ့ မူအာနီတို့က ၂၀၁၈ ကမ္ဘာ့ချန်ပီယံတွေအတွက် ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ယူပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ဒက်စ်ချမ့်ရဲ့ အသင်းအတွက် ပိုမို ခက်ခဲတဲ့ စမ်းသပ်မှု ဖြစ်လာတော့မယ်လို့ မျှော်မှန်းခြင်းခံနေရတာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ ခရိုအေးရှားနဲ့ပွဲမှာ အကောင်းတကာ့အကောင်းဆုံးခြေစွမ်းမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ အာဂျင်တီးနားအတွက် ၃၄ မိနစ်မှာ ပင်နယ်တီကနေ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာလည်း ယူလီယန် အဲဗရက်ဇ်ရဲ့ တတိယမြောက် ဦးဆောင်ဂိုးကိုလည်း အလွန်ကောင်းမွန်တဲ့ လှည့်ထွက်မှုနဲ့အတူ ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီကိုဟာ ယို့စ်ကို ဂွါဒီယောလ်ကို ရူးခါပြီး ကျန်နေခဲ့အောင် လုပ်ပြနိုင်ခဲ့ပြီးနောက် ပင်နယ်တီဧရိယာထဲက ယူလီယန် အဲဗရက်ဇ်ဆီကို ချိုးပေးခဲ့ရာမှာ မန်ချက်စတာစီးတီး တိုက်စစ်မှူးက အမှားအယွင်းမရှိ တစ်ချက်ထိ ပိတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုအသင်းကို အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်အပြီးမှာ ပြင်သစ်နည်းပြ ဒက်စ်ချမ်က beIN Sport ကို "ကျွန်တော်တို့ အာဂျင်တီးနား အနိုင်ရရှိသွားတာမျိုး မဖြစ်အောင် လူသားတစ်ယောက် လုပ်နိုင်တဲ့အရာအားလုံးကို လုပ်သွားမှာပါ။ ပွဲအပြီးမှာတော့ တစ်စုံတယောက်က သူတို့ရဲ့ ရှပ်အပေါ်မှာ တတိယမြောက်ကြယ်ပွင့်ကို ရရှိသွားမှာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားကို ၁၉၉၈နဲ့ ၂၀၁၈ ခုနှစ်တို့မှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ တတိယအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ အခွင့်အရေးရှိနေသလို ၁၉၆၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက်တိုက် ရရှိတဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာနိုင်တဲ့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားအသင်းကလည်း ကမ္ဘာ့ဖလားကို ၂ ကြိမ်အထိ အနိုင်ရရှိခဲ့ဖူးပြီး ၁၉၇၈ နဲ့ ၁၉၈၆ တို့မှာ ရရှိခဲ့တာ ဖြစ်တာကြောင့် ၃၆ နှစ်ကြာ ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေမှုကို အဆုံးသတ်သွားနိုင်မလားဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က