ဗိုင်းရပ်စ်ပြဿနာစိုးရိမ်မှုတွေ ရှိခဲ့ပြီးနောက် ဒက်စ်ချမ့်ဟာ ဗိုလ်လုပွဲမတိုင်ခင်မှာ ကစားသမားအပြည့်အစုံ ရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နည်းပြ ဒက်စ်ချမ့်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ အံ့အားသင့်ဖွယ် လူရွေးချယ်မှု ၂ ခု ပြုလုပ်ခဲ့ပြီး ရာဖေးလ် ဗာရွမ်းရော ဂျီရူးပါ လေ့ကျင့်ရေးပွဲစဉ်အတွက် ရွေးချယ်ခြင်းမခံခဲ့ရဘူးလို့ သိရပါတယ်။

လက်ရှိ ကမ္ဘာ့ချန်ပီယံတွေဟာ ယနေ့ညနေ လူဆေးလ်ကွင်းမှာ အာဂျင်တီးနားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဗိုင်းရပ်စ်ပြဿနာစိုးရိမ်မှုတွေ ရှိခဲ့ပြီးနောက် ဒက်စ်ချမ့်ဟာ ဗိုလ်လုပွဲမတိုင်ခင်မှာ ကစားသမားအပြည့်အစုံ ရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဗာရွမ်း၊ ကိုနာတီ၊ ကင်းစလေ ကိုမန်းတို့အားလုံးဟာ ယခုအပတ်အစောပိုင်းမှာ သီးခြားစီ ခွဲထားခြင်းခံခဲ့ရပြီး ချူအာမေနီ၊ သီယို ဟာနန်ဒက်ဇ်တို့လည်း ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒက်စ်ချမ့်ရဲ့လူစာရင်းထဲက ကစားသမား ၂၄ ဦးစလုံးဟာ အာဂျင်တီးနားနဲ့ ရင်ဆိုင်မယ့်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်နေပြီဖြစ်ပြီး L'Equipe ရဲ့ ဖော်ပြချက်အရ ဒက်စ်ချမ့်ဟာ စနေနေ့ည လေ့ကျင့်ရေးမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပွဲထွက် ၁၁ ဦးဖြစ်နိုင်ခြေရှိတဲ့ကစားသမားတွေကို လေ့ကျင့်ရေးပြုလုပ်စေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဗဟိုခံစစ်နေရာမှာ ကိုနာတီနဲ့ အူပါမီကာနိုတို့အတွဲကို မြင်တွေ့ခဲ့ရပြီး ဗာရွမ်းအနေနဲ့ ပွဲထွက်လူစာရင်းထဲ မပါဝင်လာဘူးဆိုရင် တော်တော်လေးကို အံ့အားသင့်စရာဖြစ်လာမှာဖြစ်ပါတယ်။

ရာဖေးလ် ဗာရွမ်းကို ကြိုတင်ကာကွယ်မှု ပြုလုပ်တဲ့အနေနဲ့ ကိုနာတီနဲ့ အူပါမီကာနိုတို့ကို ကွင်းထဲမှာ အတူတူကစားဖို့ အချိန်အနည်းငယ်ပေးခဲ့တာဖြစ်ဖို့များပြီး မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် တော်တော်လေး ပိုမို ကောင်းမွန်လာနေပြီ ဖြစ်ပါတယ်။ ဒက်စ်ချမ့်ဟာ ယနေ့ညနေမှာ ၎င်းကို နည်းပြအဖြစ်နဲ့ ကာလရှည် အောင်မြင်မှု ရရှိစေခဲ့တဲ့ ကစားသမားတွေကိုပဲ အားကိုးသွားဖို့များနေပြီး ပိုပြီ စိတ်ဝင်စားစရာကောင်းတာက ဂျီရူးဟာ နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်က ပွဲထွက် ၁၁ ဦးထဲမှာ မပါဝင်ခဲ့တာဖြစ်ပြီး အေစီမီလန်ဝါရင့်တိုက်စစ်မှူးဟာ ဒဏ်ရာရခဲ့တာ သို့မဟုတ် နာမကျန်းဖြစ်နေခဲ့တာမျိုးမရှိဘူးလို့ သိရပါတယယ်။

ဂျီရူးရဲ့နေရာမှာ ခီလီယန် အမ်ဘာပေက အထောင်တိုက်စစ်မှူးအနေနဲ့ ပါဝင်ကစားပေးခဲ့ပြီး မော်ရိုကိုအသင်းနဲ့ပွဲစဉ်တုန်းက ပိုမိုကောင်းမွန်ခဲ့တဲ့ပုံစံပေါ်ခဲ့တဲ့ ဘယ်တောင်ပံမှာ မားကပ်စ် သူရမ်က ကစားပေးပေးခဲ့တာ ဖြစ်ပါတယ်။ သူရမ်ဟာ တိုက်စစ်ကို မြန်နှုန်း၊ စွမ်းအားနဲ့ တိုက်ရိုက်ထိုးဖောက်မှုတွေကို ယူဆောင်ပေးခဲ့ပြီး အရန်ခုံကနေ လူစားဝင်ကစားပေးပြီး ပြသခဲ့တဲ့ အကျိုးသက်ရောက်မှုအတွက် နည်းပြနဲ့ အသင်းဖော်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ နည်းပြ ဒက်စ်ချမ့်ရဲ့ စနေနေ့ည လေ့ကျင့်ရေးကွင်းက ပွဲထွက် ၁၁ ဦးလူစာရင်းထဲမှာ လိုရစ်၊ ကွန်ဒေ၊ အူပါမီကာနို၊ သီယို ဟာနန်ဒက်ဇ်၊ ဂရစ်ဇ်မန်း၊ ချူအာမေနီ၊ ရာဗီယို၊ ဒမ်ဘီလီ၊ အမ်ဘာပေ၊ မားကပ်စ် သူရမ်တို့ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။။

Share

Loading Next Article...
က္က