ဒရိတ်ခ်ကတော့ အာဂျင်တီးနားနိုင်ပေမယ့်လည်း လောင်းကြေးရှုံးသွားလို့ အိမ်မှာ မျက်ရည်တွေကျခဲ့မယ်လို့ ယူဆရပါတယ်။

ကနေဒါ ရက်ပါ ဒရိတ်ခ်ဟာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ရမယ့်ဘက်ကနေ လောင်းကြေးထပ်ခဲ့ပြီးနောက် မက်ဆီရဲ့အသင်းက ကမ္ဘာ့ဖလားရရှိခဲ့ပေမယ့်လည်း အမေရိကန်ဒေါ်လာ ၁ သန်း ဆုံးရှုံးသွားခဲ့ပါတယ်။

ဒရိတ်ခ်ဟာ ပုံမှန်ပွဲကစားချိန်မှာ အာဂျင်တီးနားအသင်း အနိုင်ရရှိမယ့်ဘက်ကနေ လောင်းကြေးထပ်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားက ဒုတိယပိုင်း မိနစ် ၈၀ မတိုင်ခင်အထိ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အမ်ဘာပေက ၂ မိနစ်အတွင်းမှာ ချေပဂိုး ၂ ဂိုးအထိ ပြန်သွင်းယူခဲ့တာကြောင့် သရေနဲ့ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ အချိန်ပို ၁၀၈ မိနစ်မှာ လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုးကြောင့် ၃-၂ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ၁၁၈ မိနစ်မှာ အမ်ဘာပေက ပြင်သစ်အသင်းအတွက် ပင်နယ်တီကနေတဆင့် ချေပဂိုးကို ပြန်လည်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒရိတ်ခ်အတွက်တော့ ကံမကောင်းစွာနဲ့ပဲ အာဂျင်တီးနားအသင်း အနိုင်ရရှိမယ့် ခန့်မှန်းချက်က မှန်ကန်ခဲ့ပေမယ့်လည်း လောင်းကြေးကတော့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာမှ ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်း ဗိုလ်စွဲသွားခဲ့ပြီဆိုတာကို သိသိချင်းပဲ အပျော်မျက်ရည်တွေ ကျခဲ့ပြီး တစ်ဖက်မှာတော့ ဒရိတ်ခ်ကတော့ အာဂျင်တီးနားနိုင်ပေမယ့်လည်း လောင်းကြေးရှုံးသွားလို့ အိမ်မှာ မျက်ရည်တွေကျခဲ့မယ်လို့ ယူဆရပါတယ်။

ဒရိတ်ခ် အားပေးတဲ့ အသင်း သို့မဟုတ် အားကစားသမားဟာ အမြဲတမ်း ကံဆိုးမိုးမှောင်ကျတတ်တဲ့အတွက် ဒရိတ်ခ်ကျိန်စာလို့တောင် နာမည်ကျော်ကြားခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ ပုံမှန်ပွဲကစားချိန်မှာ နိုင်ချင်ရဲ့သားနဲ့ ကနေဒါ ရက်ပါ လောင်းကြေးထပ်ထားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး ချေပဂိုးတွေ ပြန်ပေးလိုက်ရတာဖြစ်တယ်လို့တောင် ပရိသတ်အချို့က မှတ်ချက်ပေးနေကြပါတယ်။

Share

Loading Next Article...
က္က