ရွှေလက်အိတ်ကို မဖွယ်မရာပြုမူခဲ့တာက ပြင်သစ်ပရိသတ်တွေရဲ့ လှောင်ပြောင်ခဲ့မှုကို တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်က ကမ္ဘာ့ဖလားဆုပေးပွဲစင်မြင့်ပေါ်မှာ အကောင်းဆုံးဂိုးသမားဆုအဖြစ် ရရှိခဲ့တဲ့ ရွှေလက်အိတ်ကို မဖွယ်မရာပြုမူခဲ့တာက ပြင်သစ်ပရိသတ်တွေရဲ့ လှောင်ပြောင်ခဲ့မှုကို တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

မာတီနက်ဖ်ဟာ နောက်ထပ်တစ်ကြိမ် ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီး အာဂျင်တီးနားအသင်းကို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ အောင်ပွဲဆီသို့ သွားရာလမ်းတလျှောက်လုံးမှာ အရေးကြီးတဲ့ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပြီး အထူးသဖြင့် သြစတြေးလျနဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ အကောင်းဆုံးလက်စွမ်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ဂိုးသမားဟာ နယ်သာလန်နဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ပင်နယ်တီ အဆုံးအဖြတ်မှာ အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုအချို့ ပြုလုပ်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့ည ဗိုလ်လုပွဲစဉ်မှာလည်း မူအာနီရဲ့ အဆုံးအဖြတ်ဖြစ်နိုင်တဲ့ အပိုင်ကန်သွင်းချက်ကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ 

မာတီနက်ဇ်ဟာ စင်မြင့်ပေါ်မှာ ရွှေလက်အိတ်ဆုကို လက်ခံရယူပြီးနောက် ပေါင်ခြံနားအထိ နှိမ့်ပြီး ပြင်သစ် ပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ဘက်ကို ဦးတည်ပြီး ခါးကော့ပြခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ဗိုလ်လုပွဲစဉ်တလျှောက်လုံး ပြင်သစ်အသင်းပရိသတ်တွေဆီကနေ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာကြောင့် တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ La Red ကို ပြောကြားခဲ့ပါတယ်။


"ကျွန်တော် အဲဒီလို လုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ပြင်သစ်တွေက ကျွန်တော့်ကို လှောင်ပြောင်ခဲ့ကြလို့ပါ။ ဂုဏ်သိက္ခာက ကျွန်တော့်အတွက် ဘာမှမဟုတ်ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က