ဇန်နဝါရီလအတွက် အာတီတာရဲ့ နံပါတ် ၁ ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့သူဖြစ်ပါတယ်။

မိုင်ခေလို မာဒရစ်ခ်ဟာ ဝက်စ်ဟမ်းအသင်းကို အာဆင်နယ်က အနိုင်ရရှိခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်ကို ကြည့်ရှုနေခဲ့တဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ရှက်တာဒိုးနတ်တောင်ပံကစားသမားဟာ ယူကရိန်းချန်ပီယံတွေအတွက် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသခဲ့ပြီးနောက် ဇန်နဝါရီလအတွက် အာတီတာရဲ့ နံပါတ် ၁ ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့သူဖြစ်ပါတယ်။ တနင်္လာနေ့အစောပိုင်းက သတင်းတွေအရ လပေါင်းများစွာ သတင်းတွေ ထွက်ပေါ်နေခဲ့ပီးနောက် အာဆင်နယ်အသင်းဟာ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားအတွက် ပထမဆုံး တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီလို့ သိရပါတယ်။

အာဆင်နယ်ဟာ ယူကရိန်း တောင်ပံကစားသမားကို ခေါ်ယူမယ့် ပြိုင်ပွဲမှာ အနိုင်ရရှိချင်နေတာဖြစ်ပြီး Sport Arena ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ ရှက်တာဒိုးနတ်အသင်းကို အလွန်ထိုက်တန်တဲ့ အဖွင့်ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ The Athletic ကတော့ အာဆင်နယ်ရဲ့ မာဒရစ်ခ်အတွက် ကမ်းလှမ်းမှုဟာ ယူရိုသန်း ၄၀ ကနဦးပေးချေသွားမှာဖြစ်ပြီး ယူရို ၂၅ သန်းကို ထပ်ဆောင်ပေးချေသွားမယ့် ကမ်းလှမ်းမှု ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရှက်တာဒိုးနတ်အသင်းဟာ ယူကရိန်းကြယ်ပွင့်အတွက် ပိုမို ကြီးမားတဲ့ကမ်းလှမ်းမှုတွေ ရရှိချင်နေပေမယ့်လည်း ကစားသမားကိုယ်တိုင်က အင်စတာဂရမ်ပေါ်မှာ အက်ဒီ နကီးတီးယားရဲ့ တတိယမြောက် ဦးဆောင်ဂိုးသွင်းယူသွားတဲ့ ဗီဒီယိုဖိုင်ကို မျှဝေပြီး အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်တယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပထမပိုင်း ၂၇ မိနစ်မှာ ပင်နယ်တီကနေတဆင့် ဘန်ရာမာရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပေမယ့်လည်း ဒုတိယပိုင်း ပွဲကစားချိန် ၅၃ မိနစ်ကနေ ၆၉ မိနစ်အတွင်း ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူပြီး အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က