အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ ဘရိုက်တန်နဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးသူဖြစ်ပါတယ်။

ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် မက် အယ်လစ္စတာဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီးနောက် အာဂျင်တီးနားကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးလ်၊ အာဆင်နယ်၊ ချဲလ်ဆီးတို့အတွက် သတင်းဆိုးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မက် အယ်လစ္စတာဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ထိပ်တန်းစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် ဥရောပမှာ အသင်းတိုင်းက အလိုချင်ဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အာဂျင်တီးနားအသင်းအတွက် ၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဗိုလ်လုပွဲက ဒီမာရီယာရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေဟာ ယုရာသီမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနေတဲ့ ဘရိုက်တန်ကွင်းလယ်လူကို သတိပြုမိခဲ့တာဖြစ်ပြီး အဲဒီအသင်းတွေထဲမှာ လီဗာပူးလ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ အလက်ဆစ် မက်ကယ်လစ္စတာဟာ ယခုရာသီ ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး ၃ သင်းဟာ အာဂျင်တီးနားကွင်းလယ်ကြယ်ပွင့်ကို ဆုံးရှုံးရနိုင်တယ်လို့ သိရပါတယ်။

Gazetta dello Sport ရဲ့ သတင်းအရ အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ ဂျူဗင်တပ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပြီး အယ်လီဂရီရဲ့အသင်းကလည်း မက်ကယ်လစ္စတာကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ Sport Mediaset ရဲ့သတင်းအရ ဂျူဗင်တပ်ဟာ ဝက်စတန် မက်ကန်နီနဲ့ လမ်းခွဲဖို့ ကြိုတင်ပြင်နေတာကြောင့် ဘရိုက်တန်ကွင်းလယ်လူ မက်ကယ်လစ္စတာကိုရော အလွတ်နဲ့ခေါ်ယူနိုင်မယ့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အစ္စကို ကိုပါ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ ၂၀၁၉ ခုနှစ်မှာ ဘရိုက်တန်ကို ယူရို ၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ စင်ရော်တွေအတွက် ပွဲပေါင်း ၈၆ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ Transfermarkt က ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ မက်ကယ်လစ္စတာရဲ့ ဈေးကွက်ပေါက်ဈေးက ယူရို ၄၂ သန်း ရှိတယ်လို့ သတ်မှတ်ခဲ့ပြီး အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ ဘရိုက်တန်နဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က