ချဲလ်ဆီးအသင်းပရိသတ်တွေဟာ မန်ချက်စတာစီးတီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကြာသပတေးနေ့ည ပွဲစဉ်က အူဘာမီယန်းရဲ့ ခြေစွမ်းကြောင့် စိတ်ပျက်ခဲ့တာပါ။

ချဲလ်ဆီးအသင်းပရိသတ်တွေဟာ မန်ချက်စတာစီးတီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကြာသပတေးနေ့ည ပွဲစဉ်က အူဘာမီယန်းရဲ့ ခြေစွမ်းကြောင့် စိတ်ပျက်ခဲ့ပြီး ဂါဘွန်တိုက်စစ်မှူးကို အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့သွားတဲ့ ရော်နယ်လ်ဒိုနောက်လိုက်သွားဖို့ အကြံပေးခဲ့ကြပါတယ်။

အူဘာမီယန်းဟာ ရာဟင်း စတားလင်း ဒဏ်ရာရရှိသွားခဲ့ပြီးနောက် အစောပိုင်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း ဂန်းနားကြယ်ပွင့်ဟောင်းဟာ အသင်းအတွက် အကျိုးသက်ရောက်မှု ပြသနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပွဲကစားချိန် ပထမပိုင်းအတွင်း ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တာ သေချာပြီး စတမ်းဖို့ဒ် ဘရစ်ချ်က ပရိသတ်ဟာ ပထမပိုင်းအပြီး ကွင်းထဲကနေ ထွက်လာတဲ့ ပေါ့တားရဲ့အသင်းကို မတ်တပ်ရပ် လက်ခုပ်တီးဂုဏ်ပြုမှုတောင် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပက် ဂွါဒီယိုလာဟာ ၎င်းရဲ့အသင်း ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ဖို့ အပြောင်းအလဲ အနည်းငယ်သာ ပြုလုပ်ဖို့ လိုအပ်ခဲ့ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့ ၂ ယောက်ပေါင်းပြီး စီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ကီဗင် ဒီဘရိုင်းနားဟာ ဘယ်တောင်ပံမှာ လွတ်နေတဲ့ ဂရီးလစ်ရှ်ဆီကနေ ပေးပို့ခဲ့ရာမှာ အက်စတန် ဗီလာကြယ်ပွင့်ဟောင်းက ပင်နယ်တီဧရိယာထဲ ဖြတ်တင်ပေးပို့ခဲ့ရာမှာ မာရက်ဇ်က သက်တောင့်သက်သာပဲ တစ်ချက်ထိ ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒန်းနစ် ဇာကာရီယာနဲ့ လူးဝစ္စ ဟောလ်တို့ဟာ ချဲလ်ဆီးအသင်းအတွက် အလွန်ထူးခြားကောင်းမွန်ခဲ့ပေမယ့်လည်း ဂရေဟမ် ပေါ့တားရဲ့အသင်းဟာ ချေပဂိုး သွင်းယူနိုင်ခြင်း မရှိခဲ့တာဖြစ်ပြီး နာကျင်အချိန်ပိုက ဟောလ်ရဲ့ ကန်ချက်ဟာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေဟာ အူဘာမီယန်းရဲ့ စွမ်းဆောင်ရည်ကို ဒေါသထွက်ခဲ့ကြပြီး ဂါဘွန်တိုက်စစ်မှူးဟာ ဘာစီလိုနာကနေ နွေရာသီမှာ ပြောင်းရွှေ့လာပြီးကတည်းက အသင်းအတွက် အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ ချဲလ်ဆီးအတွက် လက်ရှိအချိန်အထိ ၁၆ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းပရိသတ်တွေဟာ မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ခြေစွမ်းမပြသနိုင်ခဲ့တဲ့ အူဘာမီယန်းရဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကို တွစ်တာပေါ်မှာ ပြစ်တင်ကြိမ်းမောင်းခဲ့ကြတာ ဖြစ်ပါတယ်။


"အူဘာမီယန်းက ချဲလ်ဆီးအတွက် အတင်းအဓမ္မကစားခိုင်းတာခံခဲ့ရသလိုမျိုး ကစားနေတယ်။ သူကွင်းထဲမှာ ကစားနေတာကို ကြည့်ရတာ အရမ်းစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်"လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "အူဘာမီယန်း ငါတို့ကို တစ်ခုလောက် လုပ်ပေးပါ။ နွေရာသီကျရင် အရှေ့အလယ်ပိုင်းက ရော်နယ်လ်ဒိုနောက်ကို လိုက်သွားပေးပါ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က