ဂိုးမက်စ်က အစောပိုင်းတုန်းက ၎င်းရဲ့အမှားကို ပြန်လည် ပေးဆပ်နိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ လူကျွံဘောဆုံးဖြတ်ချက် ၂ ခုမှာ မျက်နှာသာပေးခြင်းခံခဲ့ရတာကြောင့် ဝုလ်ဗ်စ်နဲ့ သရေကျခဲ့ပါတယ်။

လီဗာပူးလ်ဟာ ယခုအပတ်အစောပိုင်းမှာ ဘရန့်တ်ဖို့ဒ်ကို ၃-၁ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နိုင်ပွဲတွေ ပြန်လည်ရရှိဖို့ အမှန်တကယ်လိုအပ်ခဲ့တာဖြစ်ပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယာဂန် ကလော့ပ် မျှော်လင့်ထားခဲ့တဲ့ စတင်မှုမျိုးတော့ မဟုတ်ခဲ့တာ သေချာပြီး အယ်လစ်ဆန်က ဆိုးရွားတဲ့အမှားကို ကျူးလွန်ခဲ့ပြီးနောက် ပထမပိုင်းမှာ ၁-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ နည်းပြ ကလော့ပ်အနေနဲ့ ပုံမှန်ဖလားပွဲမှာ ပွဲထွက်ကစားခွင့်ပေးနေကျ ကယ်လေဟာကို ပွဲထွက်ခွင့်ပေးသင့်တယ်လို့တောင် တွေးနေခဲ့မှာဖြစ်ပြီး အယ်လစ်ဆန်အတွက် ကံကောင်းတာက အာနိုးရဲ့အလွန်ကောင်းမွန်တဲ့ဖြတ်တင်ပေးပို့မှုကို နူးညက်ဇ်က အဆုံးသတ်ပေးနိုင်ခဲ့ပြီးနောက် ပထမပိုင်းမပြီးခင်မှာ ချေပဂိုး ပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၇ မိနစ်အကြာမှာ အိမ်ရှင်လီဗာပူးလ်အသင်းက ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ ကိုဒီ ဂက်ခ်ပိုက မိုဟာမက် ဆာလားကို ပေးခဲ့ရာမှာ အီဂျစ်တိုက်စစ်မှူးက ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီဂျစ်တိုက်စစ်မှူးဟာ ဂက်ခ်ပို ဘောလုံးပေးပို့ခဲ့ချိန်မှာ လူကျွံနေခဲ့ပေမယ့်လည်း တိုတီ ဂိုးမက်စ်က ဘောလုံး ဆာလားဆီမရောက်ခင် ကနဦး ပေးပို့ချိန်မှာ ခေါင်းနဲ့ တိုက်ခဲ့တဲ့အတွက် ဂိုးခွင့်ပြုခြင်းခံခဲ့ရတာ ဖြစ်ပြီး ဂိုးမက်စ်က ဘောလုံးကစားနေဆဲဖြစ်တာကြောင့် VAR ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အများစုက ဒီစည်းမျဉ်းဟာ မှားယွင်းနေခဲ့တယ်လို့ ခံစားခဲ့ရပြီး ဂိုးမက်စ်ဟာ ဆာလားရဲ့ နေရာယူပုံကြောင့် ဘောလုံးကို မဖြစ်မနေ ကစားခဲ့ရတာဖြစ်ပါတယ်။ လိုပတယ်ဂီအတွက် နောက်ထပ် စိတ်အနှောက်အယှက်ပိုကောင်းတာက ဝုလ်ဗ်စ်အသင်းက ဟွမ်ဟီးချန်းက ၂-၂ ဖြစ်သွားစေမယ့် ချေပဂိုးကို သွင်းယူခဲ့ပြီးနောက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံအလံထောင်ပြခဲ့တာဖြစ်ပြီး ဂိုးမက်စ်က အစောပိုင်းတုန်းက ၎င်းရဲ့အမှားကို ပြန်လည် ပေးဆပ်နိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့တာ ဖြစ်ပါတယ်။

VAR နဲ့ မိနစ်ပေါင်းများစွာ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ဒိုင်လူကြီးတွေက ဝုလ်ဗ်စ်ကစားသမားတွေထဲကတစ်ဦးဟာ လူကျွံနေခဲ့တယ်လို့ သတ်မှတ်ခဲ့တာကြောင့် ဂိုးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပရိသတ်အများစုဟာ ဘယ်ကစားသမားက လူကျွံနေခဲ့တာလဲဆိုတာကို မရှင်းလင်းခဲ့တာဖြစ်ပါတယ်။ "ဝုလ်ဗ်စ်ဂိုးအတွက် ဘယ်သူကမှ လူကျွံနေတာမျိုး လုံးဝမရှိပါဘူး"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "ဘောလုံးက အရမ်းကို အကျင့်ပျက်ခြစားနေတာပဲ။ လီဗာပူးလ်ရဲ့ ဂိုးကျတော့လူမကျွံဘဲ တစ်ပုံစံတည်းဖြစ်တဲ့ ဝုလ်ဗ်စ်ဂိုးကျတော့ လူကျွံခဲ့တယ်"လို့ နောက်ထပ်ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က