တီဗက်ဇ်ဟာ လက်ရှိအချိန်အထိ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးကို ကမ္ဘာ့ဖလားအောင်မြင်မှုအတွက် ဂုဏ်ပြုစကားမပြောကြားရသေးဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘောလုံးလောကရဲ့ ထင်ပေါ်ကျော်ကြားသူတွေအပြင် အခြားနယ်ပယ်အသီးသီးက ထင်ပေါ်ကျော်ကြားသူတွေဟာ လီယွန်နယ် မက်ဆီကို အာဂျင်တီးနားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အောင်ပွဲရရှိခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုခဲ့ကြပေမယ့်လည်း လက်ရွေးစင်အသင်းဖော်ဟောင်း ကားလို့စ် တီဗက်ဇ်ကတော့ အဲဒီထဲမှာ အခုအချိန်အထိ မပါဝင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၂၀၀၆၊ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ကိုယ်စားပြု ကစားပေးခဲ့တဲ့ ကားလို့စ် တီဗက်ဇ်ဟာ လက်ရှိအချိန်အထိ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးကို ကမ္ဘာ့ဖလားအောင်မြင်မှုအတွက် ဂုဏ်ပြုစကားမပြောကြားရသေးဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကားလို့စ် တီဗက်ဇ်က သမီး ၂ ဦးဖြစ်တဲ့ ဖလော်ရန်စီယာနဲ့ ကေတီယာတို့က မက်ဆီရဲ့ သွင်းဂိုးတွေအတွက် အောင်ပွဲခံနေတာကို မြင်ရတာ ပျော်ရွှင်ရတယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် မက်ဆီကို စာမရေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ့ဖုန်းက ပေါက်ထွက်မတတ်ဖြစ်နေမှာမို့လို့ပါ။ ကျွန်တော့်ကလေးတွေက သူ့ရဲ့ ဂိုးတွေကို အော်ဟစ် အောင်ပွဲခံတာက ကျွန်တော့်ကို အရမ်းကြီးမားတဲ့ပျော်ရွှင်မှုကို ရရှိစေတယ်"လို့ ပြောကြားခဲ့ပါတယ်။ ကားလို့စ် တီဗက်ဇ်ဟာ မတူညီတဲ့ကာလ ၃ ခုအတွင်း ၂၃၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၁ ကြိမ် ပြုလုပ်ပေးခဲ့တဲ့အတွက် ဘိုကာ ဂျူနီယာပရိသတ်တွေကြားမှာ ဂန္တဝင်ကစားသမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ကားလို့စ် တီဗက်ဇ်ဟာ ဘိုကာ ဂျူနီယာအသင်းကို အာဂျင်တီးနားအမှတ်ပေးဖလား ၅ ကြိမ်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး တိုက်ကြီးများဖလားနဲ့ ကိုပါ ဆူဒါမေရီကာနာဖလားတို့ကိုလည်း ရယူပေးခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က