ဒဏ်ရာပြဿနာတွေက လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ နေရာမျှော်လင့်ချက်ကို စိုးရိမ်မှုတွေ ကြီးထွားလာစေမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဘရိုက်တန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေတယ်ဆိုတဲ့သတင်းကြောင့် နောက်ထပ် ဒဏ်ရာထိုးနှက်ချက်ကို ခံခဲ့ရပါတယ်။

 

ဒီသတင်းသာ မှန်ကန်မယ်ဆိုရင် ဒါဝင် နူးညက်ဇ်ဟာ လူးဝစ္စ ဒီယက်ဇ်၊ ဂျိုတာ၊ ဗန်ဒိုက်တို့လို ကစားသမားတွေ ပါဝင်ပြီးသားဖြစ်တဲ့ ဒဏ်ရာရစာရင်းထဲမှာ ပါဝင်သွားမှာဖြစ်ပြီး ဂျိမ်းစ် မီလ်နာ၊ ဖာမီနိုတို့ ၂ ဦးစလုံးကလည်း ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နာဘီ ကီးတား၊ ချိန်ဘာလိန်တို့ကလည်း ပရီးမီးယားလိဂ်ရာသီမစတင်ခင်မှာ ရရှိခဲ့တဲ့ ကာလရှည်ဒဏ်ရာပြဿနာတွေကနေ မကြာသေးမီကမှ ပြန်လည်သက်သာလာပြီဖြစ်ပြီး ဒဏ်ရာပြဿနာတွေက လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ နေရာမျှော်လင့်ချက်ကို စိုးရိမ်မှုတွေ ကြီးထွားလာစေမှာ ဖြစ်ပါတယ်။

 

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရာသီနောက်ဆုံးပွဲစဉ်မှာ ပရီးမီးယားလိဂ်ဆုဖလားကို မန်ချက်စတာစီးတီးအသင်းလက်ထဲ ဆုံးရှုံးခဲ့ရပေမယ့်လည်း ယခုရာသီမှာတော့ ၁၇ ပွဲ ကစားပြီးနောက် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ၁၆ မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။ ဒါဝင် နူးညက်ဇ်ဟာ အင်္ဂလိပ်ဘောလုံးလောကနဲ့ အသားကျဖို့ အချိန်ယူခဲ့ရပေမယ့်လည်း ဝုလ်ဗ်စ်နဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်မှာ အာနိုး ခုတ်တင်ပေးလိုက်တဲ့ဘောလုံးကို အလွန်ကောင်းမွန်တဲ့ မြေမကျဘောကန်ချက်နဲ့အတူ အဆုံးသတ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ဒါဝင် နူးညက်ဇ်ဟာ ယခုရာသီ ပြိုင်ပွဲစုံ ၂၃ ပွဲမှာ ၁၀ ဂိုး သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း ဒဏ်ရာကြောင့် အချိန်တစ်ခုအထိ အနားယူရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး The Telegraph ရဲ့ ဖော်ပြချက်အရ ဘရိုက်တန်နဲ့ပွဲစဉ်ကို ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ လီဗာပူးလ်အသင်းက ဘာဒဏ်ရာလဲဆိုတာကို မဖော်ပြခဲ့ဘဲ အသေးစားဒဏ်ရာလို့သာ ပြောကြားခဲ့ပေမယ့်လည်း ရက်အတော်ကြာ လေ့ကျင့်ရေးကို လွဲချော်ဖို့အတွက် လုံလောက်တဲ့ ဒဏ်ရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။

 

လီဗာပူးလ်နည်းပြ ကလော့ပ်အနေနဲ့ ဥရုဂွေးတိုက်စစ်မှူး ကြံ့ခိုင်မှုပြည့်ဝဖို့ မျှော်လင့်နေမှာဖြစ်ပြီး ကစားသမားသစ် ဂတ်ခ်ပိုရော ဆာလားပါ အထောင်တိုက်စစ်မှူးအဖြစ်ကစားပေးနိုင်ပေမယ့် တောင်ပံ ၂ ဖက်ကို ပြန်ဖြည့်ဖို့ လိုအပ်မှာဖြစ်တာကြောင့် ကလော့ပ်အနေနဲ့ ပုံမှန်ကစားနေကျ ၄-၃-၃ သို့မဟုတ် ၄-၂-၃-၁ ကစားဟန်ကို အသုံးပြုသင့်ပါတယ်။

 

ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကွင်းလယ်ညာတောင်ပံမှာ ကစားပေးခဲ့ပေမယ့်လည်း ၎င်းရဲ့ မူလနေရာက အလယ်မှာ ဖြစ်ပြီး ဟာဗီး အဲလီးယော့တ်၊ ဖေဘီယို ကာဗယ်လ်ဟိုတို့က တောင်ပံမှာ ကစားဖူးတဲ့ အတွေ့အကြုံရှိကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က