ဟက်ထရစ်သွင်းယူပြီး အသင်းကို ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဥရုဂွေးဝါရင့်တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်ဟာ ဘရာဇီးလ်ကလပ်အသင်း ဂရီမီယိုအတွက် ပွဲဦးထွက်ပွဲစဉ်အဖြစ် အင်္ဂါနေ့မှာ ကစားခဲ့တဲ့ ရီကိုပါ ဂါအူချာစူပါဖလားပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီး အသင်းကို ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ ကလေးဘဝကလပ်အသင်းဖြစ်တဲ့ ဥရုဂွေးကလပ် နေစီယွန်နယ်အသင်းနဲ့ ၆ လကြာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် ဘရာဇီးလ်ကလပ် ဂရီမီယိုကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ပွဲစတင်ပြီး ၄ မိနစ်မှာပဲ ပြိုင်ဘက်ဂိုးသမားအပေါ်ကနေ ဘောလုံးကို အသာကျော်ကန်ပြီး အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် နောက်ထပ် ၉ မိနစ်အကြာမှာ ဆာအို လူးဝစ်ဇ်က ချေပဂိုး ပြန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂရီမီယိုအသင်းအတွက် ဘီတယ်လိုက ဦးဆောင်ဂိုး ပြန်လည်သွင်းယူပေသွားခဲ့ပြီးနောက် ဆွာရက်ဇ်က ၃၁ မိနစ်မှာ ပင်နယ်တီဧရိယာထဲမှာ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ဆုံရာမှာ သေသပ်တဲ့ ကန်ချက်နဲ့အတူ ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီး ၇ မိနစ်အကြာမှာ လူးဝစ္စ ဆွာရက်ဇ်ဟာ ဟက်ထရစ်ပြည့်မြောက်စေမယ့် သွင်းဂိုးကို ထောင့်ကန်ဘောကို ရှင်းထုတ်ရာကနေ ထွက်လာတဲ့ဘောလုံးကို ပင်နယ်တီဧရိယာထဲမှာ ညာခြေနဲ့ မြေမကျဘော အပြင်း ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။



ဂရီမီယိုအသင်းဟာ ရီကိုပါ ဂါအူချာစူပါဖလားဗိုလ်လုပွဲမှာ ဆာအို လူးဝစ်ဇ်ကို ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ဘရာဇီးလ်ကလပ်အသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးအတွက်တော့ ပြီးပြည့်စုံတဲ့ စတင်မှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က