ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ စတုတ္ထမြောက်ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အန်တိုနီဟာ သရဲနီကြယ်ပွင့်ဟောင်းရဲ့ စိတ်ပျက်စရာကောင်းပြီး မရင့်ကျက်သူလို့ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားကို ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပေါင် ၈၅ သန်းနဲ့ အိုင်းယက်စ်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ စတုတ္ထမြောက်ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အန်တိုနီဟာ မန်ယူနိုက်တက်မှာ လျင်လျင်မြန်မြန် အထင်ကြီးဖွယ် ခြေစွမ်း ပြသနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးပြီး ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်တောင်ပံကစားသမားဟာ အဲဒီနောက်ပိုင်းကတည်းက နောက်ထပ် ၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြေကို အားကိုးပြီး လိုတာထက် ပိုတဲ့ စကေးပြသတဲ့ ကစားပုံကြောင့် ဘောလုံးဝေဖန်သူတွေနဲ့ ယူနိုက်တက်ပရိသတ်တွေဆီကနေ ဝေဖန်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝအစောပိုင်းမှာသာ ရှိနေသေးပေမယ့်လည်း ၎င်းအတွက်ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကို ထိုက်တန်ကြောင်း သက်သေပြသဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။


အင်္ဂလန်နဲ့ မန်ယူနိုက်တက်နောက်ခံကစားသမားဟောင်း ပေါလ် ပါကားက အန်တိုနီရဲ့ ယူနိုက်တက်က စတင်မှုကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဘရာဇီးလ်တောင်ပံကစားသမားဟာ ကွင်းထဲမှာ အလွန်ရင့်ကျက်မှုမရှိဘဲ လေးနက်မှုကင်းမဲ့တဲ့ပုံစံနဲ့ ကစားနေခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "အန်တိုနီက မန်ယူနိုက်တက်အတွက် အဆင်ပြေပြေ ကစားနိုင်ခဲ့တယ်။ သူက အံ့အားသင့်စရာတော့ မကောင်းခဲ့ပေမယ့်လည်း သူက ငယ်ရွယ်သေးပြီး ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ပရိသတ် အများစုကတော့ သူ့ကို စိတ်ပျက်ခဲ့ကြတယ်လို့ ကျွန်တော်ထင်တယ်"

"သူတို့တွေက မတူညီတဲ့ကစားသမားမျိုးကို မျှော်မှန်းထားခဲ့တာပါ။ သူတို့တွေက အရမ်းလျင်မြန်ပြီး နောက်ခံလူတွေကို ဖြတ်ကျော်ပြေးလွှားနိုင်မယ်လို့ မျှော်မှန်းခဲ့ပေမယ့် သူက တကယ်တမ်း အဲဒါကိုမလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်အရ သူက စဉ်းစားတာ အရမ်းနှေးပြီး ကွင်းထဲမှာ အရမ်းကို မရင့်ကျက်တဲ့ပုံပေါ်နေပါတယ်။ သူ့အနေနဲ့ ပြိုင်ဘက်တွေကို ပိုပြီး အလဲထိုးနိုင်ဖို့လိုအပ်ပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ မန်ယူနိုက်တက်အတွက် အရမ်းကောင်းတဲ့တောင်ပံကစားသမားဖြစ်လာနိုင်တဲ့ အရည်အချင်းတွေရှိလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ အန်တိုနီအတွက် ၎င်းတို့အနေနဲ့ ပေးသင့်တဲ့ဈေးထက် ပိုမိုပေးချေခဲ့မိတယ်လို့ ကြိတ်လက်ခံခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က