ဆယ်ကျော်သက်ကစားသမားဟာ ယခုရာသီ ဘွန်ဒက်စ်လီဂါ ၁၄ ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဂျမဲလ် မူစီအားလားက ပီအက်စ်ဂျီကြယ်ပွင့်တွေဖြစ်တဲ့ နေမာနဲ့ လီယွန်နယ် မက်ဆီတို့ကို စံပြပုဂ္ဂိုလ်တွေအဖြစ် ကြည့်ရှုရင်း ကြီးပြင်းလာခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

မူစီအားလားရဲ့ အလွန်ကောင်းမွန်တဲ့ အလိမ်အခေါက်စွမ်းရည်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ဂျာမနီရဲ့ အုပ်စုအဆင့်ပွဲစဉ်အားလုံးမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ မူစီအားလားဟာ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း တဖြည်းဖြည်းနဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ဆယ်ကျော်သက်ကစားသမားဟာ ယခုရာသီ ဘွန်ဒက်စ်လီဂါ ၁၄ ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

မူစီအားလားရဲ့ အလွန်သေသပ်တဲ့ ဘောလုံးအထိန်းသအိမ်းကြောင့် နေမာနဲ့ လီယွန်နယ် မက်ဆီတို့အပါအဝင် ဘောလုံးပြိုင်ပွဲမှာ အကောင်းဆုံးအလိမ်အခေါက်စွမ်းရည်ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားအချို့နဲ့ နှိုင်းယှဉ်ခံရတာက သာမန်ပဲ ဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားက လီယွန်နယ် မက်ဆီနဲ့ နေမာတို့ရဲ့ ဗီဒီယိုတွေကို ကြည့်ရှုရင်း ကြီးပြင်းခဲ့ရပြီး ၎င်းရဲ့ အလိမ်အခေါက်စွမ်းရည်တွေကိုလည်း ပီအက်စ်ဂျီကြယ်ပွင့် ၂ ဦးဆီကနေ အတုခိုး ခဲ့တာဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

အလိမ်အခေါက်နဲ့ ဘောလုံးစွမ်းရည်ပိုင်းမှာ ဘယ်ကစားသမားကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားလဲလို့ မေးမြန်းခဲ့ချိန်မှာ မူစီအားလားက "ကြီးပြင်းလာတဲ့အချိန်မှာ ကျွန်တော် လီယွန်နယ် မက်ဆီနဲ့ နေမာတို့ရဲ့ ဗီဒီယိုတွေ အများကြီး ကြည့်ခဲ့တယ်။ သူတို့တွေ လိမ်ခေါက်တဲ့ပုံစံက ကျွန်တော့်ကို အမြဲတမ်း အံ့အားသင့်စေခဲ့ပြီး သူတို့ ကစားတာကို ကြည့်ရတာလည်း အမြဲတမ်း ဖျော်ဖြေမှုဖြစ်ခဲ့ပါတယ်"လို့ အဖြေပေးခဲ့တာဖြစ်ပါတယ်။

Share

က္က