ဟာဗတ်ဇ်က ချဲလ်ဆီးအတွက် စောစောစီးစီး ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီထင်ခဲ့ပေမယ့်လည်း VAR ရဲ့ကြားဝင်ခဲ့တာဖြစ်ပါတယ်။

ယနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ရဲ့ပွဲစဉ်ဟာ ဂိုးမရှိသရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ပထမပိုင်းစတင်ပြီး ၃ မိနစ်အကြာမှာ ခိုင် ဟာဗတ်ဇ်က ချဲလ်ဆီးအတွက် စောစောစီးစီး ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီထင်ခဲ့ပေမယ့်လည်း VAR ရဲ့ကြားဝင်ခဲ့တာဖြစ်ပါတယ်။ သီယေဂို ဆေးလ်ဗားရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့ရာမှာ ဟာဗတ်ဇ်က ပိတ်သွင်းယူခဲ့တာဖြစ်ပြီး VAR က ဂျာမန်တိုက်စစ်မှူးရဲ့ ခြေထောက်ဟာ အနည်းငယ် အရှေ့ထွက်နေခဲ့တယ်ဆိုပြီး ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခဲ့ပါတယ်။

၃၂ မိနစ်မှာ ဟာကင်း ဇီယက်ရှ်က ဘယ်တောင်ပံကနေ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကနေ ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့ခဲ့ရာမှာ ဘာဒီရာရှီလေက အနီးကပ် ခေါင်းတိုက်ပိတ်သွင်းယူခဲ့ပေမယ့်လည်း အယ်လစ်ဆန်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ယခုလမှာ ခေါ်ယူထားတဲ့ ကစားသမားသစ် ကိုဒီ ဂက်ခ်ပိုဟာ ပထမပိုင်းအတွင်းမှာ ဂိုးကန်သွင်းမှု ၂ ကြိမ်ပြုလုပ်ခွင့်ရခဲ့ပေမယ့်လည်း ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပြီး ဂိုးပေါက်တည့်ခဲ့တဲ့ တစ်ကြိမ်မှာလည်း သီယေဂိုရဲ့ကန်ချက်က ကီပါဆီ တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပေမယ့်လည်း ဂိုးဘားတန်းပေါ်မကျော်ရင် ဂိုးတိုင်ဘေး ဂိုးပိုက်ကိုပဲ ထိမှန်နေခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ဂိုးပေါက်ကန်သွင်းမှုတွေကို ချဲလ်ဆီးဂိုးသမား ကီပါက တည်တည်ငြိမ်ငြိမ်ပဲ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ယနေ့ပွဲစဉ်မှာ သရေ ၁ မှတ်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၈ နေရာကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ အဆင့် ၁၀ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က